ကို့အ၀တ်များအားလုံးလျှော်ဖွတ်ပြီးသည်နှင့် ရေကိုအမြန်ချိုးရ၏။ သူမအေးလာပြီလေ။
တဘက်ကို အပေါ်မှ ခြုံလွှားလျက် သနပ်ခါးကျောက်ပျဥ်ရှေ့ထိုင်ချရ၏။ တစိမ့်စိမ့်နှင့် ချမ်းလာသည်မို့ အ၀တ်လဲပြီးမှ သနပ်ခါးလူးရန် ကြံရွယ်ရသည်။ ယခုတိုင် ကိုသည် သူမလုပ်သမျှကို မမှိတ်မသုတ်ကြည့်ရှုနေ၏။
ရှက်စိတ်ကြောင့် အ၀တ်အစားများကို အမြန် ယူ၍အခန်းထဲေပြး၀င်ရပြန်သည်။
'ငါ့နှယ်နော် နေလာတဲ့၆လလုံး ဒီလို မျိုးတစ်ခါမျှ မဖြစ်ခဲ့ဖူးဘဲ ခုမှ တစ်စုံတစ်ယောက်ရဲ့အကြည့်စူးစူးကြောင့် ထိတ်လန့်ေနရတယ်လို့ ´
"မဟုတ်သေးပေါင်တော် "
စိတ်မနိုင်ခဲမရ သူမနှုတ်မှ မကျေနပ်စွာအသံထွက်ငြီးငြူမိတော့
"ဘာမဟုတ်တာလဲ အသက်ရဲ့ "
"အို ကို ဘာလာလုပ်တာလဲ။ ဒီမယ် အသက် အ၀တ်လဲလို့မပြီးသေးဘူးလေ "
"ဘာမှ လာမလုပ်ပါဘူး။ချမ်းနေသလားလို့လေ။ ဖက်ထားပေးရမလား"
"မလိုပါဘူး သွား ။အပြင်မယ်စောင့်နေ ခုထွက်လာခဲ့မယ် "
"..."
ကိုသည် ပြောကာမှပိုဆိုးလာသည်။ ဘာမှမပြောဘဲခပ်ညစ်ညစ်ပြုံးကာ သူမအနားသို့ တစ်လှမ်းချင်းတိုးလာနေသည်မို့ အနည်းငယ် ကြောက်ရွံ့လာမိ၏။
"ဘာ လုပ်မလို့လဲ ဖယ်ပါဆို "
"အဟွန်းးး ။ သနပ်ခါးသွေးပြီးပီနော် အမြန်လဲခဲ့။ မဟုတ်ရင် အသက်ဖျားလိမ့်မယ် "
ကိုက အနားရောက်ကာမှ သူမနှုတ်ခမ်းကိုကြည့်လျက်ထိုစကားကိုဆိုသည်။ လျှာဖျားကိုလဲ သပ်သွားသေးသည်။ကို ဘာဖြစ်ချင်နေတာလဲ။
အပြင်ထွက်သနပ်ခါးလူးပြီးချိန် နေ့လယ်၁နာရီတီးလုနီးဖြစ်တော့မည်။
"ဟယ်တော့် ။ကို ဗိုက်ဆာပီလားဟင် "
"အင်းးးနဲနဲပါ။ ဒါမဲ့ဆာနေတာကြာပြီမနက်ကတည်းကပဲ "
ကို့စကားဟာ ဘယ်လိုကြိီးလဲ။မနက်စာခုထိမစားရသေးတာများလား။သူမ ရေချိုးနေစဥ်က ရွာလူကြီးအိမ်မှ ထမင်းစားအခေါ်လွှတ်သေး၏။ သူမအ၀တ်လျှော်နေသည်မို့ အလိုက်တသိပြန်သွားပုံပေါ်သည်။
"ဥက္ကဋ္ဌအိမ်သွားစားရမယ် ။ အသက်လဲဒီနေ့မှရောက်တော့ ဘာမှ မရှိဘူး"
"ဘယ်သူလဲ ဥက္ကဋ္ဌက "
"မိုးညိုတို့နေတဲ့အိမ်လေ ။ရွာလူကြီးပေါ့ ကိုရဲ့ "
"ဟင် ဒါဆို ခုနကလို ဗွက်ထဲထပ်သွားရမှာလား "
အနည်းငယ်ပျက်နေသောမျက်နှာနှင့် ကို သည် ငိုတော့မည့်ကလေးသူငယ်လို မှုန်သုန်နေ၏။
"အင်းလေ ကိုရယ် မိုးက နည်းသွားပါပြီ ။ ဗွက် မပေအောင် လည်ရှည်ဖိနပ်စီးလေ နော် "
"တစ်ခုခုစားစရာ မရှိဘူးလားအသက်ရယ်။ ဟင် ကို ကြောက်တယ် "
"ဘာကိုကြောက်တာလဲ ကိုရဲ့ "
"ဟို ဟာ ။ တီကောင် "
"ဟမ် "
သူမကို့မျက်နှာကိုသေချာကြည့်မိတော့ကိုသည် အမှန်တကယ်ပင်ကြောက်ရွံ့နေပုံပါပဲ။ ဒါဆို ခုနကတည်းက လမ်းမှ တီကောင်များကိုကြောက်၍ ကိုဟာ ငြိမ်သက်နေခဲ့တာပေါ့။အသည်းငယ်လိုက်ပါဘိ။
"ဟင်းးး။ ကိုရယ် တီကောင်ပဲဥစ္စာ မျှော့ မှ မဟုတ်တာ မကြောက်နဲ့ ။ဒီမှာ ကြည့်။ မလုံးတင် ပေးထားတဲ့လည်ရှည်ဖိနပ်။ ဒါစီးသွားရင် ဘယ်တီကောင်မှကြောက်စရာမလိုတော့ဘူး။ဗွက်လဲမစင်တော့ဘူးနော် ။ မလုံးတင်ကတော့အဲလိုခေါ်တာမဟုတ်ဘူး ။နေအုံး ဘာဆိုတုန်းပဲ "
" ဘွတ် ဖိနပ်လေဆရာမလေးရဲ့ "
"ဟာ တက်တိုး ရောက်လာပြီလား"
"ဟုတ်တယ် ဆရာမလေး ဦးလေးကအခေါ်လွှတ်လို့လေ ။မြို့က 'အမ ´လေးလဲ ဆာနေရော့ပေါ့။ ကျွန်တော် လာကြိုတာ "
"ဘာနဲ့လဲ ကောင်လေး "
ကိုသည်အိမ်ရှေ့သို့ရှေးရှူ၍တက်တိုးနောက်တွင်ပါလာမည့်စီးစရာ ယာဥ်လိုမျိုးတစ်စုံတစ်ခုကိုရှာဖွေနေလေသည်။
"ခြေလျင်ပဲလေကိုရယ် "
"ငင့်"
"လာပါ ကိုရဲ့ အဆာလွန်မယ် ။ အသက် ဖိနပ်၀တ်ပေးမယ်လေနော် "
ကိုကမျက်နှာကိုမဲ့လျက် သူမပြုသမျှကိုငြိမ်ခံနေသည်။ ကို့ဘောင်းဘီများ ရွံ့စင်မည်စိုး၍အထက်သို့ ခပ်မြင့်မြင့်ခေါက်တင်ပေးရသေးသည်။ထို့နောက် ကို့ ခြေထောက်နုနုလေးများ မနာကျင်စေရန် ခပ်ဆဆ ဖိနပ်ကိုလျှိုသွင်း၍၀တ်ဆင်ပေးရ၏။ပြီးနောက် ပုခုံးသားများထပ်မံမိုးမရွှဲစေရန် သူမတွင်ရှိသော 'TEN ´မိုးကာအင်္ကျီ ခါးတိုကိုထပ်မံ၀တ်ဆင်ပေးရ၏။ ထို့နောက် မလုံးတင်ပေးထားသော ခေမာက်ကိုလည်း အပေါ်မှထပ်ဆင့်ဆောင်းပေးလိုက်သည့်အခါ ၀တ်စုံအပြည့်နှင့် "ကို " အဖြစ်ပြောင်းလဲသွား၏။
"ရပြီလား "
"ခိ ခိ ကိုက ကလေးကျနေရော် "
အားလုံးပြီးစီးသည့်အခါ သူမ ကို့ကို သေချာကြည့်လျက် ရယ်မိ၏။
"မရယ်နဲ့နော် လူကို။ ကေလးမဟုတ်တော့ဘူး "
"ဟားးဟားး 'အမ ´လေးကမိုးကာအင်္ကျီနဲ့ဘွတ်ဖိနပ်နဲ့ ခမောက်နဲ့လိုက်ဖက်နေရော်ဗျာ။ မသိရင် လယ်ထဲဆင်းတော့မယ်လူကျနေတာပဲဟားးဟားး"
"ဟေ့ မရယ်နဲ့လို့ ။မင်းအသက်ယ်လောက်မို့ငါ့ကိုလာလှောင်နေသလဲ။ ရာရာစစ "
ကိုသည် မချိမခံသာနှင့် တက်တိုးဘက်မြှားဦးလှည့်ကာ စွေ့စွေခုန် ရန်လိုနေလေသည်။
"ဟုတ်ပါပြီဗျာ။ ကဲ ဆရာမလေးသွားကြစို့ "
"လာပြိီကွယ် ရှေ့ကသွားနှင့် "
လုံခြည်ကိုဒူးဖုံးရုံခပ်တိုတို၀တ် တစ်ဖက်မှကို့လက်ကိုတွဲ တစ်ဖက်မှထီးကိုမြဲမြံစွာကိုင်ကာ သူမတို့သူကြီးအိမ်သို့ ချီတက်ရလေသည်။ကို့အရပ်သည်သူမထက်အနည်းငယ်မြင့်သည်မို့ ထီးကိုလဲမြှောက်ပင့်ကိုင်ထားရသေး၏။ မနိုင်မနင်းမု့ိအနည်းငယ်ဒုက္ခရောက်ရ၏။
"ဟင်းးး ခက်တာပဲ "
"ထီးကို ကို ကိုင်ပေးမယ်လေနော်"
မနိုင်မနင်းသူမညီးငြူမိတော့ ကိုကအလိုက်သိစွာထီးကိုလက်လွှဲယူသည်မို့ သူမလုံချည်အနားစကိုရွှံ့မစင်ရန် လွတ်လွတ်လပ်လပ် မ ခွင့်ရ၏။
လမ်းတွင်တီကောင်မြင်တိုင်းးခုန်ပေါက်ကာ ထထအော်သော ကို့ကြောင့် သူမ မယ် အခက်တွေ့ရသေးသည်။ ရှေ့မှတက်တိုးကတော့ သူမတို့ကိုကြည့်၍ တခွီးခွီးရယ်နေလေသည်။
လမ်းတစ်လျှောက်အိမ်တိုင်းနီးပါးမှ
"ဆရာမလေးး သူကြီးအိမ်လားဗျ "
"ဆရာမလေး မြို့ကဆေးရုံကြိိးဖွင့်ဖို့အလှူရှင်တွေရောက်လာတယ်ဆို"
"ဆရာမလေး ဘယ်က ဧည့်သည်လဲဗျို့ "
ဟူသော အမေးစကားများကိုလည်းဒိုင်ခံဖြေပေးရသေး၏။
"ဟာ လာကြလာကြဆရာမလေးတို့ကျွန်တော်ကမျှော်နေတာဗျာ ဒီမှာ ဆရာလေးတို့တောင်စားနေကြပြီဗျ "
ရွာလူကြီးက အိမ်ပေါက်၀မှဆီးကြိုနှုတ်ဆက်၏။လူကြီးအိမ်ဟာ အပေါ်ထပ်ကိုပျဥ်စီပျဥ်ကာနှင့် အောက်ထပ်အုတ်တိုက်ခံလျက် ဆီလုံရေလုံအိမ်ကြီးပင်။သူမနေတဲ့အိမ်လို အပေါ်ထပ်ကို ပျဥ်စီ ထရံကာ အောက်ထပ်ကိုလည်း အနည်းငယ်နေဖြစ်ရုံ စင်ထိုးထားရုံမဟုတ်။
"နောက်ကျသွားလို့တောင်းပန်ပါတယ်ရှင်။ ကျမရေချိုးတာနည်းနည်းကြာသွားလို့ပါ "
ခြေထောက်အားရေဖြင့်စင်ကြယ်စွာဆေးကြောရင်းသူမဆိုတော့ ရွာလူကြီး၏ အမျိုသမီးက ခြေသုတ်ရန် ပုဆိုးဟောင်းတစ်ထည်ကိုယူလာပေး၏။ထိုအ၀်ဖြင့်ခြေထောက်မှရေများအားသုတ်ပြီးကို့ထံသို့မျက်စိကစားရ၏။
"မှန်းကွယ် ကိုတစ်ယောက်နဲ့တော့ ။လာဒီနား"
မိုးကာအင်္ကျီကိုချွတ်အပြီး ခမောက်မေးသိုင်းကြိုးကိုအဖြုတ်ခက်နေသောကို့ကြောင့် သူမပဲ အစအဆုံးလုပ်ကိုင်ပေးရ၏။ပြီးနောက်ကို့အား အ၀တ်ကိုမေ့ငေါ့ပြကာ ခြေထောက်ကို သုတ်ဖို့အချက်ပေးရ၏။
"လာကြလာကြ အလှူရှင်တွေက ခပ်ငယ်ငယ်လေးတွေပဲ။မောင်သာရင်က သူဌေးတွေဆိုတုန်းကကျုပ်ကအသက်ခပ်ကြီးကြီးထင်နေတာ "
"မဟုတ်တာ ကျမတို့လဲ အန်တီတို့လိုပါပဲ သူဌေးမဟုတ်ပါဘူး "
"အေးကွယ် ဘယ်လိုဖြစ်ဖြစ် ။ငယ်ငယ်ရွယ်ရွယ်နဲ့ခုလို ပရဟိတအလုပ်တွေလုပ်နိုင်တာ တော်လို့ပဲ "
သူမတို့၀င်တော့ မိုးပွင့်သည် စားလို့ပင်ပြိိးချေပြီ။
"ဒေါက်တာ လာ မိုးပွင့်က ဆာလွန်းလို့စားနှင့်လိုက်တာ ဟီး "
"ဟုတ်တယ် ကျွန်တော်ကစောင့်နေသေးတာ ။ မိုးပွင့်ကအဖော်မရှိမှာကြောင့်စားနှင့်လိုက်ကြတာ "
"အမလေး စားပါတော် ဘယ်လိုလဲ ရွာချက် ဟင်းတွေ မြိန်ရဲ့လား "
"မြိန်ပါ့ မမသက်ရာ ကျွန်တော်ဖြင့် ဗိုက်ကိုမဆံ့တော့ဘူး "
"ကို လာလေ ဒီမယ် ဇွန်း စားတတ်လား"
ခက်ရင်းနှင့်ဇွန်းအတွဲလိုက်မဟုတ်ဘဲ သာမန်ဟင်းဆယ်ဇွန်းပဲရှိသည်မို့သူမကို့နားနားကပ်ကာမေးမိသည်။
"စားတတ်ပါတယ်အသက်ရဲ့ "
"အမလေးးးဒေါက်တာတို့များနော် "
သူမကို့အား ဂရုတစိုက်မေးသည်ကို မိုးပွင့်က မဲ့ကာရွဲ့ကာဖြင့် ဆို၏။
"မိုးပွင့်ရယ် ရှင်လေးကစားနှင့်တာကိုး ။ မဟုတ်ရင်ရှင့ကိုလဲ ကျမက ခုလိုမျိုးဂရုစိုက်မှာပါတော် "
"ယုံလိုက်ပါမယ် ။ ယုံပေးလိုက်မယ် အကို ကောယုံတယ်မလား "
"ဟမ် ။ ဟားးယုံတာပေါ့ အကို့ကိုတောင် မမက ဂရုစိုက်သေးတာပဲ "
မိုးညို့အဖြေကို သဘောမကျစွာ မိုးပွင့်သည်နှုတ်ခမ်းကိုစူလျက် ထမင်း၀ိုင်းမှထ၍ သွားလေသည်။
"ဟားးဟားး "
ရွာလူကြိီးကသဘောကျစွာတဟားဟားရယ်လေသည်။
YOU ARE READING
ရင်ခွင်ဦး
Romanceချစ်ခြင်းမေတ္တာဟူသည် ကြီးသည်ငယ်သည်ဟူ၍ကွဲပြားခြင်းမရှိ ကျားရယ်မရယ်လို့လိင်ခွဲခြားမှုမရှိ ဂုဏ်တွေဒြပ်တွေနဲ့မောက်မာရိုင်းစိုင်းမှုမရှိ နားလည်မှု၊ဖေးမမှု၊ယုံကြည်မှုတို့ဖြင့်သာဖွဲ့စည်းထားပေသည်။
