part 22

2.2K 104 6
                                    

ဆေးရုံ ခွဲစိတ်ခန်း၌  ဒေါက်တာယဥ်လေးဆွေသည် လူနာတစ်ယောက်အား ဂရုတစိုက်ခွဲစိတ်နေရလေသည်။ပုံမှန်အားဖြင့်သူကိုယ်တိုင်၀င်ရောက်ခွဲစိတ်ပေးလေ့မရှိသော်လည်း ယခုလူနာသည်ကားသူမအတွက်အ​ေရးပါသည့်သူဖြစ်သောကြာင့်ကိုယ်တိုင်ခွဲခန်း၀င်နေခြင်းဖြစ်သည်။
"သွေး ထပ်လိုတယ် ချက်ချင်းရှာပေး "
"ဟုတ်ကဲ့ဒေါက်တာ "
ခွဲခန်းထဲ စိုးရိမ်မှုလွန်ကဲနေသည့်အတွက် သူမ အထူးဂရုစိုက်နေရသည်။
ခွဲခန်းထဲမှ သူနာပြုတစ်ယောက်သည်အလောတကြီးအော်ကာထွက်လာ၏။
"သွေး သွေးထပ်လိုတယ် "
"ကျွန်တော်လှူမယ်အမ "
သူ အလောတကြီးပင် သူနာပြုအမနောက်လိုက်ခဲ့မိ၏။
"ကျွန်တော်ကစစ်ဆေးပြီးသားအမ ရတယ် ခုထုတ်လိုက်နော် "
သူနာပြုမလေးက အပ်ကိုထိုးနေသည်ပင် နှေးလွန်းသည်ဟု သူခံစားနေရသည်။အဖြစ်အပျက်များသည်မြန်ဆန်လွန်းလှသည်မို့ သူ ​မပြောပြတတ်အောင်ရှုပ်ထွေးပွေလီလှ၏။မိုးစင်စင်မလင်းသေး ဒေါ်လေး၏ စိုးရိမ်တကြီးငိုယိုဖုန်းဆက်မှုကြောင့်သူတို့တစ်မိသားစုလုံး မမသက်အိမ်ကိုအမြန်သွားကြရ၏။ရောက်ရောက်ခြင်း ကြမ်းပြင်ပေါ်တွင် သွေးများရောနှောနေသောအန်ဖတ်များ။ ပုံလဲနေသောခန္ဓာကိုယ်။ထို့နောက်ဘေးတွင်ငိုယိုနေသော ဒေါ်လေး။သူအပြေးလွှားသွားမိတော့ မရှူရက်စွာဖြူရော်နေသောမမ၏မျက်နှာ။သူစမ်းကြည့်တော့ သတိမရှိတော့။မိုးညိုရင်ဘတ်ထဲ စည်၀င်တီးသလို မြည်ဟည်းသွားသည်။
"မမ "
" မမသက် သတိထားပါအုံး မမရဲ့ မမ မမ!!"
"မာမီ မမကို ကြည့်ပါအုံး အီးဟီးး "
အရူးတစ်ယောက်လို သတိမကပ်စွာ မာမီ့ကိုအော်ခေါ်မိသည်။
"ဘယ်လိုဖြစ်တာလဲ မမနီ  မှန်းစမ်း "
မေမေသည် မမသက်အားစမ်းသပ်ကြည့်ရှူရင်းစိုးရိမ်တကြိိးမေးနေ၏။
"မနက်အစောကြီးအော့အန်နေသံကြားလို့ ထွက်ကြည့်တာ သမီးလေးကို  ခုလို  ခုလိုမျိုး "
ဒေါ်လေးအသံသည် သိမ်၀င်ပျောက်ကွယ်သွား၏။
"အစာအိမ်သွေးယိုတာပဲ "
"ခုချက်ချင်းဆေးရုံပို့မှဖြစ်မယ် "

သွေးလှူကုတင်ပေါ်အသာလှဲရင်း လတ်တလောမှမြင်တွေ့ခဲ့သောမမသက်၏ဖြူဖျော့ဖျာ့မျက်နှာ၊မနေ့ညက ငိုညည်းနေသောမျက်နှာ၊ယမန်နေ့များက ပြုံးပျော်နေသောအပြုံးများ ထို့နောက် ထို့​ေနာက် မမ၏ပုံရိပ်များ​ေ၀၀ါးစွာမြင်ယောင်နေသည်။ပါးပြင်၌မျက်ရည်စများစီးဆင်းသွားသော်ငြားသူ မသုတ်မိ။
နာရီအနည်းငယ်ကြာမှ မာမီပြန်ထွက်လာသည်။
"ဒေါက်တာ "
"မာမီ အခြေနေ "
"စိုးရိမ်စရာတော့မရှိတော့ပါဘူး မမနီ စောင့်တော့စောင့်ကြည့်ရမယ် အဆင်ပြေသွားမှာပါ"
"ဟူးးး"
ဒေါ်လေးလက်ကိုဖျစ်ညစ်ရင်း သူ သက်ပြင်းကိုဒုန်းဒုန်းချရသည်။
ခွဲခန်းထဲကထွက်လာသည့်တိုင် မမမျက်နှာသည် ဖြူရော်နေဆဲဖြစ်သည်။သူဘာများလုပ်ပေးနိုင်မည်နည်း။မမ ခုချိန်ဘာဖြစ်ချင်နေသနည်း။မေးခွန်းများစွာထုတ်ပြီးနောက် သရဖီကို ကခေါင်းထဲ၀င်ရောက်လာသည်။
"သရဖီကို "
ဟုတ်သည် မမ ခုချိန် သူ့အနားမှာရှိနေစေချင်လိမ့်မည်။လေယာဥ်ချိန် ဘယ်ချိန်လဲသူမသိ ။သရဖီကို့ ဖုန်းသည် ထုံးစံအတိုင်းခေါ်မရပါ။ထို့နောက်အကိုကျော်စွာအား အမြန် ဖုန်းခေါ်ရ၏။
"ဟယ်လို အကို "
'...´
"ဟယ်လို ဟာ.... အရေးထဲ"
လိုင်းပြတ်တောက်သွားသည့်အခြေနေကြောင့် ဒေါသတို့အထိန်းကွပ်မဲ့ထွက်လာ၏။
"မာမီ ကျွန်တော် အရေးတကြီးသွားစရာရှိတယ်မြန်မြန်ပြန်လာခဲ့မယ် ဒေါ်လေးကိုကြည့်ပေးထားနော် "
မာမီ့ကို အသိပေးပြိိးသူ အမြန် မောင်းထွက်လာခဲ့မိ၏။တစ်လမ်းလုံး ခေါ်နေသော်ငြား ဖုန်းလိုင်းများသည် ဆက်သွယ်၍မရနိုင်။
"တောက်စ် ချီးးကွာ "
တစ်ကြိမ်တစ်ခါမှ မပြောဆိုခဲ့ဖူးသော ကြမ်းတမ်းသည့်စကားတို့သည်သူ့နှူတ်မှထွက်ကျလာ၏။သရဖီကို့အိမ်ကို ရောက်တော့လဲ မည်သူမျှ မရှိကြသည်မို့ သေချာပေါက် သူမ လေယာဥ်ကွင်းသို့သွားပြီဖြစ်လိမ့်မည်။
ကားကိုအမြန်နှုန်းဖြင့်လေဆိပ်ကိုဦးတည်မောင်းနှင်ရပြန်သည်။
"ဟယ်လို အကို "
"အေးညီလေး လိုင်းမကောင်းဘူးလား ဘာလို့လဲငါ့ညီ "
"သရဖီကို လေယာဥ်တက်ပြီလား "
"ခုပဲလေဆိပ်ရောက်တာကွ ခဏနေတော့ တက်မယ် "
"မရဘူးအကို သူ့ကို အမြန် တားလို့ရရင် တားထားစမ်းပါဗျာ "
"ဟေ ဘာလို့လဲ "
"ဘာမှမမေးဘဲ တားသာတားလိုက်ပါအကိုရာ"
"အေးအေး အကိုက ခု Toilet ထဲရောက်နေတာငါ့ညီရ "
"ဟာ  အမြန်သွားပါဗျာ မမသက် ခုအရေးပေါ်ခန်းမှာစောင့်ကြည့်နေရပြီဗျ "
"ဘာ "

ရင်ခွင်ဦး Where stories live. Discover now