🧝Chapter 74
ထိုသတင်းစကားက တက်ရောက်လာသူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
...ဘေးကတောင်ကိုဝယ်တယ်
ယခု ရန်သာ့လန် နေထိုင်သည့် တောင်ကုန်းသည် လျန်အိမ်တော်မှ အသက်ကယ်လက်ဆောင်ဖြစ်ကြောင်း ရွာရှိလူတိုင်းသိသည်။ ဒါပေမဲ့ ရန်သာ့လန်က သူ့ကိုယ်ပိုင်ငွေနဲ့ တခြားတောင်ကို ဘယ်လိုဝယ်နိုင်မလဲ...ဟင်းသီးဟင်းရွက်တွေရောင်းတယ်ဆိုရင်တောင် အိမ်ကြီးတစ်လုံးဆောက်တဲ့အပြင် တောင်တစ်လုံးဝယ်ဖို့ လုံလောက်ပါ့မလား...
ပြုံးပြီး ဘာမှပြန်မပြောသည့် ဆိုင်ရှင်ကျင်းက ကလွဲ၍ လျန်ယွမ်ဝေပင် အနည်းငယ် အံ့သြသွား၏။ တောင်ကုန်းပေါ်ရှိ မြေကွက်များသည် များစွာစျေးသက်သာသော်လည်း တေးရာဂဏန်းခန့် ကုန်ကျသည်မှာ အမှန်ပင်။ရန်သာ့လန်က အခြားသူများနှင့်မတူဘဲ သူသည် လယ်မြေများကို ဝယ်ရန်မရွေးချယ်ဘဲ သူ့အိမ်နှင့်ချိတ်ဆက်နေသည့် တောင်မြေကို ဝယ်ခဲ့သည်။
ဆိုင်ရှင်ကျင်းက လူတိုင်း မယုံကြည်နိုင်စွာ ကြည့်နေကြသည်ကို မြင်လျှင် မြေပဲများက မျိုးကောင်းမျိုးသန့်ဖြစ်ကြောင်း၊အပေါက်မြန်ကာ စိုက်ပျိုးပြီးနောက် အရည်အသွေးကောင်းလျှင် လက်ဖက်ရည်ဆိုင်က ကျေကျေနပ်နပ် လက်ခံသွားမည်ဖြစ်ကြောင်း အမြန်ထွက်ရှင်းပြခဲ့သည်။ ကောက်ခံသည့် စျေးနှုန်းကိုလည်း အတိအလင်းဖော်ပြထားသည်။
ဆိုင်ရှင်ကျင်းက ထောက်ခံသည်ဆိုလျှင် ယင်းကမှန်သည်ဟု အဓိပ္ပာယ်ရလေသည်။သို့သော် လူတိုင်းမှာ သံသယများစွာရှိနေကြဆဲဖြစ်၏။မရိတ်သိမ်းခင် မည်သည့်အရည်အသွေးရှိသောပစ္စည်းကို လက်ဖက်ရည်ဆိုင်က ယူမည်နည်း၊အထွက်နှုန်းမကောင်းလျှင် ငှားခကို မည်သိုတွက်မည်နည်း စသော မေးခွန်းအမျိုးအစားများစွာရှိလေသည်။သူသူ ကိုယ်ကိုယ် တစ်ယောက်ပြီးတစ်ယောက် မေးခွန်းများမေးကြ၏။
ရန်သာ့လန်ဖြေဆိုပြီးသည့်နောက်တွင် ပထမဆုံး တုံ့ပြန်သူမှာ လီကျောက်တိ ဖြစ်သည်။
"ဟယ်ကောအာ ငါ မင်းဆီက ငှားမယ်...မင်းတို့ကမြေခွန်တွေ ပေးဆောင်ဖို့ ဆန္ဒရှိနေတဲ့အတွက် ပိုက်ဆံဘယ်လောက်ပဲရှိရှိ ပိုက်ဆံ မဆုံးရှုံးဘူး..ငါကတောင် မင်းကို ပိုက်ဆံနည်းနည်းတောင် အကြွေးတင်နေဦးမယ်...ဒီအခွင့်အရေးကို ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ...မြေပဲတွေက စိုက်ရမခက်ဘူး...နည်းနည်းလောက်သွားကြည့်ပေးဖို့ပဲလိုတယ်...ငါ ငါ ငှားချင်တယ်"