Chapter 72
May 09, 2024
🧝Chapter 72မြောင်ချမ်း၏ နှလုံးသားထဲကို မကောင်းသည့် အရာတစ်ခု ဖျက်ခနဲပေါ်လာပြီး ချီတုံချတုံနှင့် ဆိုလိုက်၏။
"အာ ဟယ်ကောအာ နည်းနည်း အဆင်မပြေလို့ အမေက ငါ့ကို တောင်ပေါ်ကနေ အရင်ဆင်းခိုင်း--"
ထိုလူ အဆင်မပြေဖြစ်နေသည်ဟု ကြားသည်နှင့် တပြိုင်နက် ရန်သာ့လန်က မြောင်ချမ်းကိုပင် မကြည့်ဘဲ သင်္ချိုင်းသို့ ဦးစွာပြေးသွားခဲ့သည်။ ထို့နောက်မှာတော့ အထိတ်တလန့်နှင့် ပရမ်းပတာ ကာလတစ်ခု ဖြစ်ခဲ့ပါတော့သည်။
ရန်သာ့လန် ရောက်သောအခါ မြောင်ဟယ်က အလွန်နာကျင်နေပြီး သူ့နောက်ကျောကိုပင် မတ်မတ်မထားနိုင်။သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး တုန်ရီနေသည်။
ကိုယ့်ဘာသာကိုယ် မမွေးနိုင်သော်လည်း အချိန်ကျလာသည့်အခါ ကလေးကို ထွက်လာချိန်ရောက်ပြီဆိုသည်ကို သတိပေးသည့် ဇီဝကမ္မဆိုင်ရာ ယန္တရားတွေ ရှိနေတုန်းပါပင်။ ဤအချိန်မှာ ဗိုက်ထဲက ကလေးလည်း သက်ရောက်ခံရပေလိမ့်မည်။ကလေးက ဗိုက်ထဲကနေအလွန်တက်ကြွစွာကန်တတ်သည်ထို့ကြောင့် အချိန်အကြာကြီးကြာပြီး ကောကို ထိတ်လန့်သွားစေသည်ဆိုလျှင် တကယ့်ကို အန္တရာယ်ရှိလေသည်။
ထို့ကြောင့် ရန်သာ့လန် ဂရုမစိုက်ဘဲ လူကို ကောက်ပွေ့ကာ တောင်ပေါ်မှ အလျင်အမြန်ဆင်းသွားသည်။
ကုန်းဆင်းက ဘယ်လောက်ပဲ မြန်နေပါစေ၊အရှိန်အဟုန်ကို စိတ်ပူနေရတုန်းပင်၊ ဘယ်သူ့ကိုမှ ကျစေ၍မဖြစ်ပေ။
အလွန်စိတ်ပူနေပေမဲ့ သိပ်မြန်၍မရ။
ဤလမ်းတိုတိုလေးသည် မည်မျှပင်ချောမွေ့ပါစေ၊ရန်သာ့လန် သူ့ဘဝတွင် လျှောက်ခဲ့ဖူးသမျှထဲမှာ အခက်ခဲဆုံးနှင့် အကြမ်းတမ်းဆုံး လမ်းဖြစ်လေသည်။
ထို့နောက် မြောင်ဟယ်ကို နောက်ဆုံးတွင် မြည်းလှည်းပေါ်သို့ ချောချောမွေ့မွေ့ ပို့ဆောင်ခဲ့ပြီး အားလုံးက ဦးလေးလင်း၏ အိမ်သို့ တိုက်ရိုက် ပြေးကြသည်။ဟယ်ကောအာကို တံခါးဝဆီ ပို့လိုက်ပြီး တံခါးဘောင်က မြေကြီးပေါ်သို့ ရိုက်ခတ်သွားသည်နှင့် ယခင်က တစ်ခါမှ အားမပျော့ခဲ့ဖူးသော ရန်သာ့လန်၏ခြေထောက်များ တံခါးရှေ့တွင် ဘုန်းခနဲ ခွေကျသွားပြီး သူ့စိတ်တွေ ရှုပ်ပွပြီး ဗလာဖြစ်နေသလို ခံစားလိုက်ရသည်။