Chapter 71

508 83 3
                                    

Chapter 71
IQ TeamDecember 17, 2024
🧝Chapter 71



နှစ်သစ်ကူးပြီးနောက်တွင် ဆီးနှင်းများထူထပ်စွာ ကျဆင်းခဲ့သည်။အတိတ်နမိတ်ကောင်းသောနှင်းက ကောင်းမွန်သောရိတ်သိမ်းမှုကို ဂုဏ်ပြုပေးနေသည်။ ရွာကလူများက နှင်းကျသည်ကိုမြင်ရသည်အား အဆင်မပြေမဖြစ်သည်ဟုမခံစားရပေ။

နှင်းများအရည်ပျော်သွားပြီးနောက် ကမ္ဘာမြေကြီးအာဟာရပြည့်ဝလာမည်ကိုပဲစောင့်နေကြသည်။

ထိုအချိန်တွင် မြောင်ယွမ် နှင့် မင်ချွင်း ၏ စေ့စပ်ကြောင်းလမ်းသည့်သတင်းသည် ရွာထဲတွင် ပျံ့နှံ့နေသည်။

လူတော်တော်များများက စပ်စုကြပြီး မြောင်ကျွယ်တို့မိသားစုဆီသွားပြီးမေးကြသည်။မြောင်ယွမ်က သူ့အိမ်ကကောနဲ့ လက်ထပ်မှာမဟုတ်ဘူးလို့ အားလုံးက ပြောကြတယ်မဟုတ်လား... ဘာကြောင့် ထပ်ပြီး ပြောင်းလဲသွားပြန်တာလဲ...

မြောင်ကျွယ်တို့ မိသားစုမှ အဒေါ်ယင် နှင့် လင်းရွှယ် နှစ်ယောက်စလုံး တောင့်တောင့်ကြီး ပြုံးရုံသာ တတ်နိုင်သည်။ရှင်းပြချက်မှာ မင်ချွင်းက စိတ်ထားကောင်းပြီး စည်းကမ်းများကို လိုက်နာသည်ကို တွေ့သောအခါ လောင်ရယ်ကယခုလိုစဥ်စားလိုက်ခြင်းဖြစ်သည်ဟူ၍။ထို့အပြင် ယခင်ကကြင်နာမှုကိုလည်း ပြန်လည်ပေးဆပ်နေခြင်လည်းဖြစ်သည်ဟု။

မော်ကွန်းထိန်းဝမ်မ်ရဲ့သမီးကရော ဘယ်လိုလုပ်မလဲ...အရင်က တစ်ယောက်နဲ့တစ်ယောက် အကဲခတ်ခဲ့တာမဟုတ်ဘူးလား...

လင်းရွှယ်၏ မျက်နှာသည် ပို၍ပင် တင်းမာလာပြီး အနာဂတ်နှင့် ကျေးဇူးဆပ်ခြင်းကြားတွင် လောင်ရယ်က နောက်ဆုံးတွင် နောက်ကတစ်ခုကို ရွေးချယ်ခဲ့သည်ဟုသာ သူမပြောနိုင်သည်။

နင်ပြောခဲ့တဲ့စကားတွေက အရမ်းလှတာပဲ... ဒါဆိုလည်း ဘာလို့ အချင်းချင်းအရင်ဆုံးအကဲမခတ်ခဲ့ကြတာလဲ...  မင်ချွင်းက အိမ်မှာ အခုမှနေတာလည်းမဟုတ်ဘူး... ကြင်နာမှုပြန်ပေးဆပ်မလား မပေးဆပ်မလား သူသိပြီးသားမဟုတ်ဘူးလား... ဟေ့ မော်ကွန်းထိန်းချုပ်ဝမ်က ယွမ်ဇီကိုသဘောမကျဖြစ်ပြီး မျက်နှာလွှဲတာဖြစ်မှာစိုးရတယ်...

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now