Chapter 73

715 117 1
                                    

Chapter 73
May 09, 2024
🧝Chapter 73

မြောင်ဟယ် ဦးလေးလင်း၏အိမ်တွင် နှစ်ညတာနေခဲ့သည်။မတ်တပ်ရပ်နိုင်သည်အထိ နာကျင်မှုလျော့လာသောအခါ သူနှင့် ရန်သာ့လန် ကလေးနှစ်ယောက်ကို ချီကာ အိမ်ပြန်လာခဲ့သည်။

ကောတစ်ယောက်က မိန်းကလေးတစ်ယောက်နှင့်မတူပေ။ ကလေးမွေးပြီးနောက် မီးနေခြင်းရှိပေမဲ့ သူ့ဗိုက်မှာ ဒဏ်ရာအကြီးကြီးတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဒဏ်ရာ၏နာကျင်မှုကို သည်းခံရုံသာလိုသည်။မြောင်ဟယ် ထိုအကြောင်းကို သိလိုက်သောအခါတွင်အလွန်ပျော်သွားသည်။အနည်းဆုံး ရေမချိုးဘဲ သို့မဟုတ် ခေါင်းမလျှော်ဘဲ တစ်လလုံးနေရသည့် ဒုက္ခကိုမခံစားရပေ။သို့သော် ဗိုက်ပတ်ပတ်လည်တွင် ပတ်ထားသော အဝတ်စကို ဖယ်ရှား၍မရပေ။ ဒဏ်ရာကို ဆေးပေးသည့် အပြင် ၎င်းသည် အကာအကွယ်တစ်မျိုးလည်းဖြစ်သည်။

ထို့ကြောင့် အိမ်ပြန်ရောက်သည်နှင့် မြောင်ဟယ်တစ်ယောက် ပင်မအခန်းရှိ ပက်လပ်ကုလားထိုင်သို့ ဂရုတစိုက်သယ်ဆောင်သွားခြင်းခံရလေသည်။  ထိုအချိန်တွင် ကုလားထိုင်း စောင်အထူကြီးဖြင့် ဖုံးအုပ်ထားပြီး ကြမ်းပြင်အပူပေးကိရိယာက အပူပေးနေသည်။ပေါက်စီလုံးလေးနှစ်ယောက်က  ပင်မအခန်းရှိ ပုခက်ပေါ်တွင် အိပ်စက်နေသဖြင့် မြောင်ဟယ် ၎င်းတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေနိုင်သည်။ ပုခက်က မြောင်ဟယ် ပြုလုပ်ထားသော အထူးပုံစံဖြစ်ပြီး လက်ရန်းများပါရှိသည်။ ကံကောင်းထောက်မစွာ၊ကောင်းကောင်းခိုင်သဖြင့် ​ပေါက်စီလုံးလေးနှစ်​ယောက်စလုံး အိပ်နိုင်လေသည်။

ထိုအချိန်မှာ တိရစ္ဆာန်လေးတွေ ပေါ်လာသည်။သာ့ပိုင်က ဦး​ဆောင်ကာ မြောင်ဟယ်၏ခြေသလုံးကိုပွတ်သပ်လေသည်။သူ့သခင်အ​သေး​လေးကို မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။သခင်အကြီးကြီးကိုပင်မတွေ့ရပေ။

'သခင်...ဒီဘုရင် ခရမ်းချဥ်သီးစားချင်နေပြီ မြောင်'

မောင်မောင်စကွက်က ပုံစံတူ လိုက်အတုခိုးကာ ခုန်ပေါက်ကာ အချင်းချင်း ပွတ်တိုက်ကြသည်။မြောင်ဟယ်က သူတို့၏ ခေါင်းများကို တစ်လုံးပြီးတစ်လုံး ပွတ်နေသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now