Chapter - 99 [ ကလစ်လေးတစ်ခု]
"ကျင်းဇီ" ခြံထဲတွင် ရှန်းယူယွီက စာရင်းစာအုပ်ကို ချူကျင်းဇီထံ ပေးလိုက်ရင်း တင်ပြလိုက်သည်။ "လွန်ခဲ့တဲ့ ရက်၂၀မှာ ငါတို့ရေခဲချောင်းတာကနေ စုစုပေါင်း ငွေတေးလ် နှစ်ထောင့်လေးရာရယ် ကောက်ညှင်းထုပ်ကနေ ငွေတေးလ် ငါးထောင်ရှာနိုင်ခဲ့တယ်...ရေခဲချောင်းလုပ်ဖို့ ကုန်ကျငွေက ငွေတေးလ်ခုနစ်ရာ၊ ကောက်ညှင်းထုပ်အတွက် ပါဝင်ပစ္စည်းကုန်ကျငွေက ငွေတေးလ်သုံးထောင်၊ ရွာသားတွေအတွက်လစာ ငွေငါးရာတေးလ်...နောက်ဆုံး စုစုပေါင်း ငွေသုံးထောင့်နှစ်ရာတေးလ် ကျန်တယ်"
ချူမိသားစုသည် ထိုပမာဏကိုကြားကာ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ ရက်၂၀ပဲရှိသေးတာကို သူတို့မိသားစုက ငွေတေးလ်သုံးထောင်ကျော်ရှာနိုင်ခဲ့တာလား။ တွေးကြည့်လို့မရအောင်ပါပဲ။
ချူကျင်းဇီလည်း ကျေနပ်သွား၏။ "ယူယွီ အားလုံးကို ငွေတေးလ်နှစ်ဆယ်ဆီ မုန့်ဖိုးပေးလိုက်ပါ မနက်ဖြန် နင်ကြိုက်တာ သွားဝယ်လိုက်ဦး"
"ကျင်းဇီ မလိုပါဘူးကွယ် အဘွားတို့က အဲဒီလောက် ပိုက်ဆံတွေကို မသုံးနိုင်ပါဘူး တစ်ယောက် တစ်တေးလ်စီသာပေးလိုက်ပါ" အဘွားချူက လက်ရမ်းကာပြလိုက်သည်။
"အဘွား မသုံးချင်ရင်လည်း စုဆောင်းထားလို့ရပါတယ် ဒါပေမယ့် ပိုက်ဆံကို လက်ခံရမယ်နော်...မဟုတ်ရင် အခြားသူတွေလည်း ယူရမှာ တုံ့ဆိုင်းသွားကြလိမ့်မယ်"
လူတိုင်းက ကြိုးစားထားရတာ ဖြစ်တဲ့အတွက် ပိုက်ဆံတွေကို သူတို့သုံးမှသာ မှန်ကန်ပေလိမ့်မည်။
အဘွားချူက စဉ်းစားပြီးမှ သဘောတူလိုက်သည်။
"ကောင်းပြီလေ အဘွားယူမယ်"
"ပဥ္စမအစ်မ ကျွန်တော်တို့ကော မုန့်ဖိုးရမှာလားဟင်" ချူရှုယွမ်၏ မျက်လုံးလေးများ တောက်ပသွားလေသည်။
"ဒါပေါ့ အားလုံးရကြမှာ"
ရှန်းယူယွီက အပြုံးလေးနှင့် အားလုံးကို မုန့်ဖိုးလိုက်ပေးလိုက်၏။
ချူရွာတစ်ရွာလုံးမှာ အပျော်တွေနှင့် ပြည့်နှက်နေပါတော့သည်။
![](https://img.wattpad.com/cover/369841887-288-k410915.jpg)
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance