Chapter - 100 [ နဂါးလှေပွဲတော် ]
ပုံမှန်နေ့တွေလိုပဲ ချူမိသားစုဟာ မနက်စောစော နိုးထလာကြပါသည်။ ယနေ့တွင် လူတိုင်းခွင့်ယူထားကြသည်။ တခြားကြောင့်တော့မဟုတ်ပါဘူး နဂါးလှေပွဲတော်ကို ဆင်နွှဲကြရန်ပါ။
"အမေ သမီးတို့ညီမတွေ မြစ်နားမှာ ဒေါနပန်းနဲ့ ကလမက်တွေသွားကောက်လိုက်ဦးမယ်" ချူကျင်းယွဲ့သည် ခြံထဲမှာရပ်နေပြီး အော်ပြောလိုက်သည်။
"ကောင်းပြီ စောစောပြန်လာခဲ့ကြနော်" လီချင်းယူက မီးဖိုချောင်ထဲမှ လှမ်းအော်ပြောလိုက်သည်။
နေမင်းကြီးသည် ကောင်းကင်ပေါ်တွင် မျက်နှာတစ်ဝက်လောက် ဖော်ပြနေပြီဖြစ်ကာ မြေပြင်ကို ရွှေရောင်အဆင်းဖြင့် ခြယ်သထားသည်။
ချူကျင်းယွဲ့နှင့် ညီအစ်မနှစ်ယောက်သည် မနက်လေညှင်းနှင့်အတူ မြစ်နားသို့ ရောက်ရှိလာကြ၏။ မနက်ခင်းလေသည် အေးစိမ့်ကာ သူတို့မျက်နှာလေးတွေက သက်သောင့်သာသာဖြစ်နေကြပါသည်။
"ဒုတိယအစ်မ စတုတ္ထအစ်နဲ့ ပဥ္စမအစ်မ ကျွန်တော့်ကို စောင့်ပါဦးဗျ" ချူရှုယောင် သူတို့နောက်က ပြေးလိုက်လာခဲ့သည်။
ညီအစ်မသုံးယောက်လည်း ရပ်ကာ ပြန်လှည့်ကြည့်လိုက်သည်။
"ဘာလို့ရောက်လာတာလဲကွယ့်"
ချူရှုယောင်က အပြာဖျော့ရောင် ဝတ်စုံလေး ဝတ်ဆင်ထားပါသည်။ သူ့ဆံပင်တစ်ဝက်ကိုလည်း အပြာဖျော့ခေါင်းစည်းကြိုးလေးဖြင့် စည်းနှောင်ထား၏။ ခါးတွင်လည်း တူညီသောအရောင်ရှိ ခါးပတ်လေးနှင့် အလှဆင်ထားပြီး အမွှေးအိတ်လေးချိတ်ဆွဲထားကာ အမည်းရောင် ဖိနပ်ကို ဝတ်ဆင်ထားပါသည်။ သူက ပညာသင်တစ်ယောက်လို ဝင်ဆင်ထားခြင်းပင်။
သူကျောင်းစတက်ကတည်းက ချူရှုယွမ်နှင့် ချူရှုယောင်တို့က အဲဒီလို ဝတ်ဆင်ကြရတာပါ။
ကောင်ငယ်လေးရဲ့ မျက်လုံးတွေက ကွေးညွတ်နေ၏။ သူတို့က တောက်ပကာ ဖြတ်လတ်နေပါသည်။ တစ်ခါကြည့်ရုံနှင့် သူဘယ်လောက် ထက်မြက်လဲဆိုတာကိုပါ ပြောနိုင်လောက်သည်။
"ကျွန်တော်လည်း လိုက်ချင်လို့ပါ"
"ရတာပေါ့ မင်းအတွက် ဒီလို ခနလောက် အပြင်ထွက်ပြီး ဆော့ကစားတာလည်း ကောင်းပါတယ် တစ်နေ့လုံး စာလေ့လာနေရင် တုံးအသွားလိမ့်မယ်နော်" ချူကျင်းယွဲ့က မြစ်တစ်လျှောက် လမ်းဆက်လျှောက်ရင်း ပြောလိုက်သည်။
![](https://img.wattpad.com/cover/369841887-288-k410915.jpg)
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance