《 ဓါးပြမှုနဲ့ပတ်သက်တာ ဘာအတင်းအဖျင်းလဲ 》
အလုပ်သမား နှစ်ယောက်က ညလယ်ခေါင်ကြီး သူတို့နှစ်ယောက်နောက်ကနေ တစ်စုံတစ်ယောက်လိုက်လာလိမ့်မည်ဟု မတွေးမိဘဲ စကားသာဆက်ပြောနေ၏ ။
" ငါးဆယ်ရာခိုင်နှုန်းဖြတ်တယ် ! သူတို့ဘဝကိုရင်းပြီး ခိုးရတဲ့ ရတနာတွေက မီလီယံအနည်းငယ်ပဲတန်တာကို တစ်ဝက်က ပေးရအုန်းမယ် ... အဲ့ဒီ ပိုက်ဆံချမ်းသာပြီးသား သခင်လေးယင်းကရော အဲ့ဒါမျိုး လက်ခံနိုင်ပါ့မလား ... "
အလုပ်သမားတစ်ယောက်က စိတ်ဝင်တစားမေးလာ၏ ။
" အဲ့လောက် ခေါင်းပုံဖြတ်နေတာ ... လူတွေက တကယ်လုပ်ကြပါ့မလား ... "
" အင်း... သေချာပေါက် လုပ်တာပေါ့ ..! အဲ့ထပ်ခေါင်းပုံဖြတ်တာတွေတောင် ရှိသေးတယ် ... "
ပထမလူက စကားပြောရင်း လည်ပင်းကိုလက်ဖြင့်ဖြတ်ပြသည့် အမူအရာမျိုးလုပ်ပြလာ၏ ။
" သူတို့က မင်းလည်မြိုကို မတုံ့မဆိုင်းဘဲကို ဖြတ်ပစ်မှာ ... "
ကျင်းမြို့ ဒေသိယစကားတွင် " လည်မြိုဖြတ်သည် " ဆိုတာက စီးပွားရေးအပေးအယူ သို့မဟုတ် လုပ်ငန်းကိစ္စများတွင် ရောင်းသူက ဝယ်သူထံ၌ အမြတ်ကြီးစားခံရတာကို ဆိုလို၏ ။
တစ်ဖက်လူက တုံ့ပြန်သည့်အနေဖြင့် လျှာပြန်ထုတ်ပြကာ
" ဝိုး ... ဒါက တော်တော်ဆိုးတာပဲ ! "" ဟုတ်တယ် ... ဒီလိုသွေးစွန်းနေတဲ့ငွေတွေက လူတစ်ယောက်ရဲ့ ဘဝကို စွန့်စားပြီးမှ ရတာမျိုးပဲ..."
ထိုအလုပ်သမားက ခေါင်းခါရင်း သက်ပျင်းချ၏ ။
" ငါ့ဝမ်းကွဲက တစ်ခါတုန်းကတောင် ငါ့ကို ဝင်ချင်လားမေးသေးတယ် ... ဒီလို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အုတ်သယ် ၊ ညစ်ညစ်ပတ်ပတ်တွေတူးရတာထပ် ပိုက်ဆံတွေက ရလွယ်တယ် ..."သူ့အဖော်က မေးလာ၏ ။
" ဒါဆိုလည်း မင်းဘာလို့မသွားတာလဲ ... "အလုပ်သမားက ပြန်ဖြေသည် ။
" အရမ်းအန္တရာယ်များလွန်းတယ်လေ ...အဲ့လို သက်စွန့်ဆံဖျားလုပ်ရလောက်အောင် ငါသွေးမရဲဘူး ... "တစ်ဖက်လူက ချက်ချင်းလှောင်ရယ်လာ၏ ။
" မင်းက အဲ့လို သတ္တိမရှိမှတော့ တစ်သက်လုံးဆင်းရဲနေရင်တောင် အံ့ဩစရာမရှိတော့ပါဘူး ... "
![](https://img.wattpad.com/cover/378343668-288-k377661.jpg)
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)