chapter 70

136 25 0
                                    

Chapter 70
June 06, 2024
👻Chapter 70

ကျောက်စိမ်းရုပ် ကောင်မလေးက လောကကြီးထဲ ဝင်လာတော့မယ်....(3)

ထိုသတ္တဝါလေး၏ လျှာပေါ်တွင် ဆူးချွန်လေးများ ပါပြီး နူးညံ့သည့်အသားအရေပေါ် လျှပ်တိုက်နေသည်။

သတိနှင့်အိပ်နေသည့် ချူဟွိုက်က မွန်းစတားလို အကောင်မျိုး ထင်လိုက်၍ ဆတ်ခနဲ ထလိုက်ရာ မီးခိုးပြာရောင် မျက်ဝန်းတစ်စုံသာကို တွေ့လိုက်ရသည်။

ဒါဆို ဟိုကြောင်ပေါ့....ချူဟွိုက်က စိတ်အေးသွားဟန် သက်ပြင်းအသာချမိသည်။

" ကျေးဇူးပါ...." ချူဟွိုက်က သူ့ခေါင်းလေးကို ဖွဖွပုတ်ပေးလိုက်ရင်း နူးနူးညံ့ညံ့ ဆိုလိုက်သည်။

ဤပေါက်စလေးက ယနေ့တွင် သူ့ကို အများကြီး ကူညီပေးခဲ့သည်။

ကြောင်နက်လေး၏ မျက်လုံးများက လူလို အသိဥာဏ်ရှိနေသည့်အတိုင်း ဖျတ်ခနဲလက်သွားပြီး ခေါင်းလှည့်ကာ အပြင်ဘက်ကို ကြည့်လိုက်သည်။

သူက တစ်ခုခု နားလည်သွားဟန် ချူဟွိုက်ဘောင်းဘီစကို ရုတ်တရက် ကိုက်လာပြီး လွန်ဆွဲနေသလိုမျိုး တံခါးဆီ ဆွဲခေါ်သွားသည်။

“ မင်း ဘာလုပ်နေတာလဲ...." ချူဟွိုက်က ကူကယ်ရာမဲ့သလို ပြုံးလိုက်မိပြီးနောက် တစ်ခုခု နားလည်သွားသလို ချက်ချင်း မျက်နှာပြောင်းသွားသည်

" မင်း ငါ့ကို တစ်နေရာရာ ခေါ်သွားပေးချင်လို့လား...."

ချူဟွိုက်က ချက်ချင်း ထရပ်လိုက်သည်။

သိုင်းဝတ္ထုများတွင် ယန်ကိုးသွယ် နတ်ဝိဥာဥ်သိုင်းအား ရှာဖွေနေသည့် ကျန်းဝူကျိကို မျောက်များက လမ်းပြပေးခဲ့သည်။ ဤကြောင်နက်ကလည်း အစောင့်အရှောက်လိုမျိုး ဖြစ်၍ ချူဟွိုက်က သူ တစ်ခုခု သိထားလောက်မည်ဟု ခံစားရသည်။

ချူဟွိုက်က သူသွားနေသည့်အချိန်အတွင်း စုန့်ချင်းကို မကောင်းဆိုးဝါးဝိဥာဥ်များနှင့် သရဲများ အန္တရာယ်ပေးလာမည်ကို စိုးရိမ်မိ၍ သူမကိုပါ နိုးလိုက်ပြီး အတူတူခေါ်သွားလိုက်ရန် စဥ်းစားမိသည်။ သို့သော်လည်း သူသာ ချက်ချင်း လိုက်မသွားလျှင် နောက်ကျသွားတော့မည်အလား ကြောင်နက်က အလျင်လိုနေ၍ သူ့မှာ သတိကပ်ပြီး လိုက်သွားရုံမှအပ ရွေးစရာမရှိတော့ပေ။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now