chapter 71

252 35 0
                                    

Chapter 71
June 08, 2024
👻 Chapter 71

ကွမ်ရင်မယ်တော်လေး ...(4)

သူတို့က လူများ ပြည့်ညပ်နေသည့် တောင်ခြေနား ရောက်သွားသည့်အချိန် စုန့်ချင်း၏ မျက်နှာကအနည်းငယ် လန်းလာသည်။ နေ့အချိန်အတွင်း အပြင်သွားသည့်အခါ လူများနေမှ ပိုဘေးကင်းလေသည်။

နှစ်ရက်ရှိပြီဖြစ်၍ ချူဟွိုက်မှာ နည်းနည်းလေးမှ စိတ်အေးမနေနိုင်ပေ။ အချိန်ပိုကြာသည်နှင့်အမျှ အခြေအနေက ပိုပြီး ရှုပ်ထွေးလာပြီး အန္တရာယ် ပိုများလာသည်။  ပထမနှစ်ရက်က ရထားခဲ့သည့် အချက်အလက်များက နောက်ဆက်ဖြစ်မည့်အရာအတွက် အကူအညီပေးလောက်သည်။

ကွမ်ရင်မယ်တော်လေး၏ နတ်နန်းက သူတို့ရှေ့တည့်တည့်တွင် ပေါ်လာပြီဖြစ်သည်။ ရွာထဲရှိ အဆောက်အအုံများနှင့်ယှဥ်လျှင် ဤနတ်နန်းက နန်းတော်ကြီးအလားပင်။ ချူဟွိုက်က ဝင်ပေါက်တွင် ရပ်နေရင်း အမွှေးတိုင်နံ့ပြင်းပြင်းကို ရှူရှိုက်မိသည်။

နောက်ဆုံးတွင် သူတို့အလှည့်ရောက်လာ၍ ချူဟွိုက်က ဝင်သွားလိုက်သည်။ ကွမ်ရင်မယ်တော်လေး၏ ရွှေရောင်ရုပ်တုကြီးက နှစ်မီတာခန့် အမြင့်ရှိပြီး မျက်စိကျိန်းလောက်အောင်ပင်။

 

ဤရုပ်တုကို ကွမ်ရင်မယ်တော်ဟု ခေါ်ကြသော်လည်း ကွမ်ရင်မယ်တော်နှင့် သိပ်မတူပဲ ဆွဲဆောင်မှုရှိသည့် မိန်းမလှလေးတစ်ယောက်နှင့် တူသည်။

ချူဟွိုက်က ရုတ်တရက် ကွမ်ရင်မယ်တော်ဘေးရပ်နေသည့် ရွှေရောင် ကောင်လေးရုပ်တုနှင့် ကျောက်စိမ်းရောင် ကောင်မလေး ရုပ်တုတို့ပေါ် အကြည့်ရောက်သွားသည်။ ရွှေရောင်ကောင်လေးက ဘယ်ဘက်တွင် ရှိပြီး ကျောက်စိမ်းရောင် ကောင်မလေးက ညာဘက်တွင် ရှိသည်။

ချူဟွိုက်၏ မျက်လုံးများ ရုတ်ချည်း နက်မှောင်သွားပြီး တော်တော်လေး အံ့သြသွားသည်။

ကျောက်စိမ်းမိန်းကလေး၏ သွင်ပြင်က မနေ့ညက သရဲကို အကောင်လိုက် မြိုချခဲ့သည့် ကောင်မလေးနှင့် တစ်ထေရာတည်း တူနေသည်။

စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now