Part 1

7.7K 181 2
                                    

"တီ...တီ...တီ..."

မနက်​ခင်း၎နာရီ တိတ်​ဆိတ်​​နေ​သောအခန်းထဲတွင်​ နှိုးစက်​သံက ရုတ်​တရက်​ ဆူညံလာသည်​ ​ဆောင်းတွင်းအချိန်​ အခန်းထဲစိမ့်​ဝင်​လာ​သော ​မြောက်​ပြန်​​လေရူးများကလည်း အခန်းထဲကရှိတဲ့လူကို ​ဆောင်းတွင်းချိန်​ခါမှန်း သိ​စေရန်​အတွက်​ အ​အေးဓာတ်​ကို ဖန်​တီးနိုင်​ရန်​ အကြိတ်​အနယ်​ တိုး​ဝှေ့လာကြသည်​ krist ​အိပ်​ယာမှ မနိုးထချင်​ ​မျက်​လုံးမဖွင့်​​သေးဘဲ လက်​နဲ့ နှိုးစက်​ရှိရာ ​ရောင်​ရမ်းစမ်းပြီး နှိုးစက်​ဆက်​မမြည်​​စေရန်​ ပိတ်​လိုက်​သည်

" အ​စောကြီးပဲ ထရဦးမယ်​ "

မျက်​လုံးမဖွင့်​​သေး အရင်​ငြီးတွားလိုက်​သည်​ အရင်​ကစိတ်​နဲ့ဆို krist အိပ်​ယာ​ပေါ်က​နေ ​နေ့လည်​၁၁​လောက်​ထိ ဆက်​အိပ်​​နေမိလိမ့်​မည်​ အခု အရင်​လိုလုပ်​လို့မဖြစ်​ အခုသူ​နေတဲ့အိမ်​က​နေ အိမ်​လခလာ​တောင်းမည့်​ အ​ဒေါ်ကြီးကို ​ရှောင်​ပုန်းရဦးမယ်​ ပိုက်​ဆံမ​ပေးချင်​လို့​တော့မဟုတ်​ သူကိုယ်​တိုင်​​ပင်​အနိုင်​နိုင်​ သုံးစွဲရသည်​ ​တွေ့သမျှအချိန်​ပိုင်း ​မ​ရွေးဘဲဝင်​လုပ်​သည်​ ​ကျောင်းစရိတ်​ စားစရိတ်​ ​တော်​​တော်​ကိုပိသည်​ လူလည်း အလုပ်​လုပ်​ရလွန်းလွန်း ဝလာသည်​ကိုမရှိ တခါတခါ လူတင်​မက စိတ်​ကပါ ပင်​ပန်း​သေး ဒါ​ပေမဲ့လည်း မိမိတစ်​​ယောက်​တည်း ကိုယ့်​ဘဝကို ​လျှောက်​ရ​တော့လည်း ပင်​ပန်းတဲ့ဒဏ်​ ခံနိုင်​ရည်​ရှိရ​သေးသည်​ အာ ဒီဘဝကြီးက ဘယ်​​တော့မှ ပြီးနိုင်​မှာပါလိမ့်

"​ဒေါက်​...​ဒေါက်​...​ဒေါက်​"

အပြင်​ကလူ​တစ်​​ယောက်​ အ​လောတကြီး တံခါး​ခေါက်​သံ krist ကြားလိုက်​ရသည်

"အာ ... ​ရှောင်​ပါမယ်​ဆို​နေ အ​စောကြီး​ရောက်​လာပြီ"

Krist အလျင်​အမြန်​ပင်​ အိပ်​ယာ​ပေါ်မှ ခုန်​ဆင်းပြီး အိမ်​​နောက်​​ဘေးတံခါးက​နေ အပြင်​ထွက်​ရန်​ပြင်​သည်​ ညက ဝတ်​စုံနဲ့ ဖရိုဖရဲ ကုတင်​​ဘေးက အ​နွေးထည်​ထူကို ​ကောက်​စွပ်​ပြီး အ​နောက်​ဘက်​ကို မြန်​မြန်​​ပြေး ဖိနပ်​လည်း ကျွဲတစ်​ဖက်​ နွားတစ်​ဖက်​နဲ့ တမနက်​ခင်းလုံး သူတစ်​​ယောက်​တည်း အလုပ်​ရှုပ်​​နေသည်​ အိမ်​​နောက်​​ဘေး တံခါးဖွင့်​​ပြီး ​ပြေးမယ်​အလုပ်​ အိမ်​​ရှေ့တံခါး "ဝုန်း" ကတည်းဖွင့်​တဲ့အသံနဲ့ လူမိုက်​လိုလို လူနှစ်​​ယောက်

အချစ်​ဆု​တောင်း......(completed)Where stories live. Discover now