လမ်းတစ်လျောက် ယာဉ်သွားယာဉ်လာများဖြင့် ရှုပ်ယှက်ခတ်နေသည် မပြီးဆုံးနိုင်သော အဆင့်ဆင့် မီးပွိုင့်များကို singto တစ်ယောက် စိတ်ရှည်လက်ရှည် ဖြတ်သမ်းနေရသည်
သူ့အတွက် ဒီနေ့မှ ကားပိုကြပ်နေသလို ရာသီဥတုကပဲ ပိုပူနေသလို ဖြစ်နေသည်
ကားကို သာမာန်အရှိန်ထက် နှေးသော နှုန်းနှင့် မောင်းနေရတော့ သိပ်စိတ်မရှည်ချင်ပေ
အိမ်ကိုသာ တရွေ့ရွေ့နဲ့ မောင်းလာခဲ့ရသည်ခြံရှေ့ရောက်တော့ ကားဟွန်းတီးသံနှင့် အတူ ခြံတံခါး လာဖွင့်ပေးသည်နှင့် ခြံထဲသို့ မောင်းလာလိုက်ပြီး အိပ်ခန်းစီရောက်ဖို့ အပြေးလွှားကို ပြင်ဆင်ရပါတော့သည်
အိမ်ရှိ မည်သူတစ်ဦးတစ်ယောက်ကိုမဆို စကာတစ်ခွန်းတလေ မပြောတော့ဘဲ မိမိအိပ်ခန်းရှိရာ အပေါ်ထပ်သို့ ရေကုန်ရေခမ်း ကို ပြေးလွှားရသည်
မိမိဦးတည်ရာ အခန်းရှေ့သို့ရောက်သည်နှင့် singto တစ်ယောက် မိမိအိပ်ယာနှင့် ကုတင်ကို လွမ်းလှပြီ
ကုတင်ရှိရာသို့ လျှောက်လှမ်းလိုက်ပြီး ကိုယ်လွတ်စိတ်လွတ် ပစ်လှဲချကာ အိပ်စက်ခြင်းစီသို့ တတ်နိုင်သမျှ မြန်မြန် ကူးပြောင်းရန် ကြိုးစားနေသည်မျက်စိမှိတ်ထားသော မကြာသည့် အချိန်တစ်ခု အတွင်းမှာပဲ အိမ်အောက်ထပ်ရှိ ပစ္စည်းကျကွဲသံနှင့်အတူ မိန်းမတစ်ယောက်ရဲ့ အော်ငေါက်ဆူပူမှု
ထိုအသံသည် singto နားထဲ ပြတ်သားရှင်းလင်းစွာ ဝင်ရောက်လာသောကြောင့် မည်သည့်အရေး ကြုံနေသည်ကို သိချင်မိသောကြောင့် ကုတင်မှခွာကာ အသံလာရာစီသို့ ခပ်မြန်မြန် ဆင်းလာခဲ့သည်အောက်ထပ်ရောက်တော့ မြင်ရသည့် မြင်ကွင်းကြောင့် ရင်ဝကို ဆောင့်ကန်လိုက်သလို
ဒေါသလည်း အလုံးလိုက် အရင်းလိုက်Pine ဆိုသော မိန်းမဆိုသူသည် မိမိအိမ်ပေါ်ထိတက်ပြီး အိမ်ရှိ အလုပ်သမားများကို ဆူပူနေသည်မှာ အိမ်ကြီးသခင်မ တစ်ယောက်ပုံစံလို
Singto မျက်လုံးထဲ အလိုမကျတော့