ကောင်က်ကြီးက ကြည်လင်နေပြီး.ရာသီဥတုက အလွန်ပင် သာယာနေသည် krist ဒီနေ့အတွက် စိတ်လှုပ်ရှားနေသည် ညကလည်း တော်တော်နဲ့ အိပ်မပျော်ပင်
" တီ...တီ...တီ.."
နှိုးစက်သံလေးလည်း အရင်လို ထမြည်နေလေသည် krist တက်တက်ကြွကြွနဲ့ပဲ နှိုးစက်ရှိရာ လက်လှမ်းလိုက်ပြီး ပိတ်လိုက်သည် krist သူ့ရဲ့ အဝတ်ဗီရိုမှာ ချိတ်ထားတဲ့ ဘွဲ့ဝတ်စုံလေးကို ကြည့်လိုက်ပြီး ဒီနေ့ဘွဲ့ယူရမှာကို အလွန်ပင် ပျော်ရွှင်နေသည်
Krist ရေချိုးခန်းထဲဝင် ရေချိုးနေလိုက်သည် ပြီးနောက် ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်ပြီး ဘွဲ့ဝတ်စုံကို အသာလေးယူပြီး ဝတ်လိုက်သည် မှန်ထဲက မိမိပုံကို ကြည့်မိတော့ ပီတိဖြစ်ရပါသည်Krist ရုတ်တရက် ဆိုင်ရှေ့မှ ကားဟွန်းတီးသံ ကြားလိုက်ရသည် p'join သူ ဒီနေ့ ဘွဲ့ယူမှာကို လိုက်ပို့မယ်လို့ ပြောထားခြင်းကြောင့်ပါ.
" ခလေး အဆင်သင့် ဖြစ်ပြီလား"
"P ကလည်း အစောကြီးကို ရှိသေးတာကို ဘယ်လိုလုပ် ပြင်လို့ ပြီးဦးမှာလည်း "
"ခလေးက ချောပြီးသားပါ သိပ်ပြင်စရာ မလိုပါဘူး"
"ဒါတော့ p အမြင်ရှိသားပဲ"
"ဟားဟား
ခလေး မနက်စာ မစားရသေးဘူးမလား""မစားရသေးဘူးလေ"
"ကိုဝယ်ကျွေးမယ်လေ ဒီနေ့မနက်စာကို"
"ဒါဆိုရင်တော့ ကျွန်တော် Pကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ"
Krist နဲ့ join ရယ်ရယ်မောမောနဲ့ပင် နေ့သစ်တစ်ခု စတင်ခဲ့ပါသည် krist ကြိုက်တဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို ဝင်လိုက်ပြီး မနက်စာ ဝင်စားဖြစ်သည်
စားသောက်ပြီးနောက် krist ဘွဲ့ယူမယ့် နေရာကိုပဲ join တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကားမောင်းပြီး ပို့ပေးခဲ့သည်Krist ဒီလိုနေ့ ဒီလိုအချိန်ကို ပျော်ပျော်ရွှင်နဲ့ ရောက်လာလိမ့်မယ်လို့ စိတ်ကူးမယဉ်ဘူးချေ မိမိဆွေမျိုးများထက် မိမိအပေါ် ပို၍ ဂရုစိုက်ပေးမဲ့ သူစိမ်းတစ်ယောက် ရှိလာသည်ကို အခုချိန်ထိ မယုံနိုင်ပေ p'join တစ်ယောက် krist ဘွဲ့ယူတဲ့ အခမ်းနားပြီးတဲ့ အချိန်အထိ စောင့်ပေးသည် krist စိတ်ထဲတွင်လည်း p'join က မည်သည့်နေရာမှာ နေရာယူထားလည်း မိမိကိုယ်ကိုယ် မသိတော့ချေ krist ဘွဲ့ယူပြီးနောက် P'join ကို လိုက်ရှာနေသည်