ကိုမုန်းလှတဲ့ Join ဆိုသူနှင့် အတိုက်ခံလုပ်နေချိန် krist ကတော့ ကြားမှ မြေစာပင်သဖွယ်
အခန်း တစ်နေရာရောက်မှ
"ခင်ဗျား P'join ရှေ့ ဘာတွေ လျှောက်ပြောနေတာလည်း P'join ကို အားနာစရာကြီး"
ဲ့
"ကိုပြောတာ ဘာမှာလို့လည်း kit နဲ့ကို တစ်အိမ်တည်း နေနေတာပဲကို""မှန်တယ်လေ တစ်အိမ်တည်းနေတာတော့ ဒါပေမဲ့ ခင်ဗျား P'join ရှေ့ ကျွန်တော့်အပေါ် ပြုမူတာကြီးကတော့.."
"ဘာဖြစ်လို့လည်း "
"မသိဘူး ကြက်သီးထချင် စရာကြီး"
"ဟောဗျာ ကိုက ရင်ခွင်လေးထဲ ထည့်ထားတာပဲ ရှိတာကို ဘာလည်း kit ရင်တွေ အရမ်းခုန်သွားရလို့လည်း ကိုတောင်းပန်ပါတယ် အဲ့လောက်ထိ ကို့အပေါ် ကြွေလိမ့်မယ်လို့ မထင်ထားလို့"
Singto ခပ်ပြောင်ပြောင် မျက်နှာမျိုးဖြင့် krist ကို ကြည့်ရင်း လှမ်းစနေသလို krist ဘက်မှလည်း နားရွက်ဖျားကို နီရဲနေသည်အထိ မိမိအဖြစ်ကို တွေးရင်း ကိုယ့်လိပ်ပြာ ကိုယ် မလုံမလဲပင်.
အနာပေါ် ဒုတ်ကျသွားတယ်မလား..."ချီးမို့ ကြွေရမှာလား ပြောထားမယ်နော် ခင်ဗျားကို ကျွန်တော် ချစ်တယ်ဆိုတာနဲ့ပဲ အခွင့်ရေး မယူရဘူး"
"ဒါတော့ ကိုယ့်စိတ်နဲ့ ကိုယ့်သဘောလေ "
"ခင်ဗျားနော် ကုမ္ပဏီမှာ ပြသနာ ဒီလောက်ဖြစ်နေတာကို စိတ်အေးလက်အေး နေနိုင်သေးတယ် တော်ပြီဗျာ ကျွန်တော် အလုပ်သွားလုပ်တော့မယ်"
"နေဦး kit ကို မင်းကို အတည် ပြောစရာ ရှိသေးတယ်"
မိမိဘေး လှည့်ထွက်ရန် ပြုနေသည့် krist ရဲ့ လက်မောင်းတစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း ဟန့်တားတော့ krist က
"ဘာပြောစရာ ကျန်သေးလို့လည်း " ဟူသော သဘောမျိုးဖြင့် singto ကို မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ကြည့်သည်