Part 43

1K 59 0
                                    

အိမ်​ကမိခင်​ ဝယ်​​ပေးထားတဲ့ ကားသစ်​​လေးနဲ့ ပီ​ကေကို စတိုင်​ကျကျ ဝါးကာ မြို့တစ်​ပတ်​ ပတ်​ဝဲ​နေသည်

ဆံပင်​ကို ဆီလိမ့်​ပြီး အ​နောက်​သို့ လှန်​ထားကာ မျက်​မှန်​အမည်း​ရောင်​နဲ့ krist သည်​ မြင်​သူတိုင်း ​ကြွေဆင်းရ​လောက်​​အောင်​ ခန့်​​ချောလွန်းလှသည်

"ဟယ်​ ဟိုP ​ချောလိုက်​တာ
ငါ​တော့ ​သေပါပြီ​နော်​"

"ဟုတ်​ပ ရည်းစား ရှိလားမသိဘူး"

"ရည်းစားရှိတယ်​ဆိုရင်​​တော့ ငါ​ကြေကွဲပြီ"

"အမယ်​​လေး ​တွေ့တာဖြင့်​ မကြာ​သေးဘူး နင်​က​လေ ပိုကိုပိုလွန်းတယ်​"

ဈေးဝယ်​center မှာ မိန်းက​လေးများ တိုးတိုးတိုးတိုးဖြင့်​ krist ကို ရှိုးရင်း ​ပြော​နေသည့်​ အသံများကို နားပါးလှသည့်​ krist မသိဘဲ​နေမလား

ထိုမိန်းက​လေးများကြား အကြည့်​တစ်​ချက်​ ​ရောက်​​စေပြီး ကိုယ့်​ပါးချိုင့်​ကို ထုတ်​ကြွားလိုက်​​တော့
ဟိုဘက်​ကဟာ​လေး​တွေက krist မှ krist ဖြစ်​​လေသည်

အချင်းချင်း ကုတ်​ဖဲ့​နေကြပြီ မျိုးစုံ​အောင်​ ပစ်​​ကြွေ​နေကြ​တော့ ​ကျေနပ်​မိသား

Mae ရယ်​ သားကို ခပ်​​ချော​ချော ​မွေး​ပေးထားလို့ ​ကျေးဇူးအထူး တင်​ပါတယ်​ဗျာ

"​ဟျောင့်​ krist ပြန်​ကျ​အောင်​ကွာ
P'sin က ငါတို့ကို ဒကာခံမယ်​တဲ့ ဆိုင်​လိပ်​စာ ပို့ထားတယ်​ သွားစားကြရ​အောင်​"

"မင်းတို့ကလည်း ငတ်​ကိုငတ်​ကြတယ်​ အလကား ​ကျွေးမယ်​ ဆိုတာနဲ့ တက်​ကြွ​နေလိုက်​တာ"

Krist ခပ်​ရွဲ့ရွဲ့​ပြောပြီး ထို​နေရာမှ ထွက်​လာခဲ့သည်

ထို့​နောက်​ P'sin ပို့လိုက်​တဲ့ ဆိုင်​လိပ်​စာအတိုင်းပင်​ krist တို့ ​ရောက်​သွားကြသည်

Krist တစ်​ချက်​ ကြည့်​မိ​တော့ ဆိုင်​အပြင်​ဆင်​က krist နဲ့ အံကိုက်​မှုမရှိ
နေရာ အထားအသိုကလည်း သိပ်​အဆင်​မ​ပြေသဖြင့်​ krist စိတ်​ထဲ ​ဝေဖန်​ရင်းနှင့်​ ​လျောက်​လမ်းအတိုင်း ​လျောက်​လာခဲ့သည်

အချစ်​ဆု​တောင်း......(completed)Where stories live. Discover now