တိတ်ဆိတ်နေသော အခန်းကျယ်တစ်ခုတွင် လူတစ်ယောက်တော့ နာကျင်နေသည်
Off singto နဲ့ စကားပြောပြီးနောက် ဆိုဖာပေါ် အရုပ်ကြိုးပျက်သကဲ့သို့
Mizz ဆိုတာ ငါမြတ်နိုး တန်ဖိုး ထားခဲ့ရတဲ့ မိန်းကလေးကွ
အဲ့လို လူမျိုးကို မင်းက ဖွဲ ဇကွဲလို သတ်မှတ်ပြီး စွန့်ပစ်ရက်တယ်ထိုအချိန် off နားသို့ ရောက်လာသည့် အရိပ်တစ်ခု
Gun ကြောင်အမ်းအမ်းလေးဖြင့် off ကို ကြည့်နေမိသည်ခုချိန် သူ off နဲ့ စကားနိုင် မထိုးချင်သေး
"ခင်ဗျား အဆင်ပြေရဲ့လား"
Gun off နှင့် အနီးဆုံးနေရာတွင် ဝင်ထိုင်လိုက်ပြီး နူးညံစွာ ဆိုသည်
ဒီလို ပုံစံမျိုးက ခင်ဗျားနဲ့ မလိုက်ဖက်လိုက်တာ
မိမိရှေ့ အရုပ်ကြိုးပျက်သလို ဖြစ်နေသည့် off ကို အားမလို အားမရ ဖြစ်ရပါသည်
ဘယ်လောက်ပဲ ရန်ဖြစ်တယ်ထားဦး သူ ဝမ်းနည်းရင် လူက အလိုလို ငိုချင်တယ်
စိတ်ထဲ သူဘယ်လောက် ဝမ်းနည်းနေမလည်း ခံစားမိသည်ခင်ဗျားရဲ့ ခံစားချက်က ကျွန်တော့်အပေါ် အဲ့လောက် သက်ရောက်မှု ရှိတာလား
Gun ကိုယ့်အတွေးနဲ့ကိုမို့ off ကို စကား မပြောမိသဖြင့် အခန်းက အရင်လို တိတ်ဆိတ်နေစဲ
တိတ်ဆိတ်မှုကိုဖြိုခွင်းလာသည့် off ထံမှ ဝမ်းနည်းဖွယ် စကားတစ်စုံတစ်ရာက Gun ရင်ဘတ်ထဲ နင့်ခနဲ ခံစားရသည်
"ကိုယ့်ကို ဖက်ထားပေးပါလား"
Gun ခနတော့ ကြောင်သွားရသော်လည်း နောက်တော့ အလိုက်သတိပင် ရင်ဘတ်တစ်စုံ ဖြင့် နွေးထွေးစွာ ကြိုဆိုလိုက်တော့ မိမိရင်ခွင်ထံ အလိုက်သတိ ဝင်ရောက်လာသည့် off ကြောင့် ရင်ခုန်သံ ထိန်းမရတော့သလို
ရင်ခွင်ထဲရှိနေသော off ကတော့ ငိုယိုနေခြင်း မရှိသော်ငှါးလည်း ဝမ်းနည်းခြင်းအပြည့်နှင့် တည်ရှိနေမည်ကို Gun ပြေးကြည့်စရာမလိုပင်