အချိန်အားဖြင့် ည ၁၂ နာရီကို ၄ မိနစ်လောက် စွန်းနေပြီ
တိတ်ဆိတ်နေတဲ့ အိမ်ကြီးထဲ krist တစ်ယောက် ရူးကြောင်ကြောင် ဖြစ်ရပါသည်Gun ကတော့ စိုးရိမ်စိတ် သိပ်မရှိသောကြောင့် စိတ်အေးလက်အေး အိပ်ပျော်နေနိုင်သော်လည်း krist ကတော့ အခုချိန်ထိ တရေးမှ မအိပ်နိုင်သေး
"P'sing ရော အဆင်ပြေပါ့မလား"
ထပ်တလဲလဲသော မေးခွန်းများဖြင့် krist တစ်ယောက် ခေါင်းခြောက်ရပါသည်
ထိုအချိန် krist ဘေးမှ အိပ်နေသည့် Gun တစ်ယောက် လှုပ်လှုပ်ရွရွ ဖြစ်လာပြီး
"Krist မင်းမအိပ်သေးဘူးလား"
မအိပ်ဘဲ Gun ရဲ့ဘေး ထိုင်နေသည့် krist ကို နည်းနည်းတော့ စိုးရိမ်မိသွားတယ်
ဒီအချိန်ကြီးရှိနေပြီ သူမအိပ်သေးဘူးလား
Krist ကတော့ Gun ကို တစ်ချက်ကြည့်ပြီး ခေါင်းတစ်ချက်သာ ရမ်းပြကာ အတွေးထဲ ထပ်မံနစ်မြောနေလေရဲ့
"Krist မင်း အဆင်ပြေရဲ့လား"
အပူကြီးမိနေတဲ့ krist ကို Gun ဘယ်လိုပြောပြရမှန်း သူမသိတော့
"P'sing အခုချိန် အိပ်နေပြီလို့ မင်းထင်လား"
"ငါ ဘယ်လိုလုပ် သိမှာလည်းကွာ သူ့အတွက်ပူမနေနဲ့ မင်းကိုယ်မင်းသာ ပူစမ်းကွာ မင်းပုံစံလည်းကြည့်ဦး သားပျောက်နေတဲ့ အပူသည်မိခင်ထက်တောင် ပိုနေသေးတယ်"
"မင်း ဒါတွေ နားမလည်ပါဘူးကွာ"
Gun ပြောမရသည့်အဆုံး လက်မြှောက်အရှုံးပေးပြီူးအိပ်စရာရှိသည်ကို ဆက်အိပ်နေလိုက်တယ်
Krist ကိုပြောလည်း ရမှာမဟုတ်ဘူးမိမိဘေး အိပ်စက်နေသည့် Gun ကို krist တစ်ချက်ကြည့်ပြီး အားကျရပါသည်
သူ့လို အပူပင် ကင်းတာပဲကောင်းတယ်
အချစ်နဲ့ မထိတွေ့ဘဲ နေတာပဲ အကောင်းဆုံး