Krist တစ်ယောက် ကားမောင်းရင်း ဒေါသအလိပ်လိုက် ထွက်နေသည် အကြောင်းမှာ singto ဆိုသည့်လူသည် သူ့ဘေးတွင်း အခန့်သား အိပ်ပျော်၍ ချင်းမိုင်ဘက် သွားမည့်ခရီးတွင် သူ driver လုပ်ရခြင်းကြောင့်ပင်
"တောက်... သေနေလိုက်တာများ ကျက်သရေကို တုံးတယ်" krist ပါးစပ်မှ ပွစိပွစိနှင့် မိမိကိုယ်ကို ကြားနိုင်သည်ဆိုရုံလောက် ပြောလိုက်ခြင်းသာ မတော်လို့ကြားသွားရင် အလုပ်ပြုတ်နိုင်မယ့်ကိန်းမလား
**********
Singto တစ်ယောက် အချိန်လေးစားမှ ကြိုက်သည်ဆိုသောကြောင့် krist ကုမ္ပဏီသို့ ၄ နာရီ ထိုးခါနီးအချိန် ရောက်နေရပြီး ထိုသူ ရုံးခန်းသို့ လာရသည် krist သည် ၄ နာရီထိုးရန် ၁၀ မိနစ်အလိုက ရောက်နေပြီး သူ့ရုံးခန်းရှေ့မှာသာ ဝေ့လည်ကြောင်ပတ် နေနေရသည် ခနအကြာ သူ့နောက်မှ ခြေသံတစ်စုံကို ကြားလိုက်တော့ singto ရောက်လာပြီဆိုတာ krist သိလိုက်ရသည်
"မင်း ကားမောင်းတတ်လား"
လူက သူ့ရှေ့အရင် ရောက်မလာသေးဘူး အမိန့်သံလိုလိုက စကြားနေရသည် သူ့အမေး အပြီးမှ သူ့မျက်စိရှေ့ ရောက်လာသည့် singto ဆိုသူသည် အကျီ င်္ အပြာကွက်ကို ခေါက်တင်ထားပြီး လူငယ်ဆန်ဆန် ဂျင်းဘောင်းဘီ sneaker ဖိနပ် အဖြူရောက်နှင့် လိုက်ဖက်ညီနေသည် သူစတွေ့တုန်းကလို ဆံပင်ကို အပြောင်သိမ်းထားခြင်း မရှိဘဲ ရှေ့သို့ ခပ်ဝဲဝဲ ချထားသောကြောင့် တွေ့စထက် ပိုငယ်နေသယောင်
"မင်းကို မေးနေတယ် ကားမောင်းတတ်လား"
"ဟုတ် မောင်းတတ်ပါတယ်"
"ဒီမှာကားသော့ မင်းချင်းမိုင်ထိ ကားမောင်း"
"ဗျာ"
Krist ခနတာတော့ ဆွံ့အ သွားမိပါသည် ဒီအချိန် ချင်းမိုင်ထိ သူကားမောင်းရမယ် မထင်ထား သူထင်ထားသည်က အငှါးယာဉ်ခေါ်ပြီး နယ်ဘက်သွားရင် သူကားပေါ် တရေးလောက်တော့ အိပ်ရမယ်ဟူသော သူ့စိတ်ကူးလေးသည် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရသည်
"တောက်.. အငှါးကားခေါ်ရင် ကုမ္ပဏီ ဒေဝါလီ ခံမှာ စိုးနေလားမသိဘူး ဒီဘဝင်ရူးကတော့"
krist စိတ်ထဲတွင် အလိုမကျသည်များကို တရစပ် ပြောနေသော်လည်း လက်တွေ့တွင် "ဟုတ်ကဲ့" ဟုပြောကာ ကားမောင်းနေရခြင်းပေ ကားပေါ်ရောက်တော့ singto က အရှေ့ခန်းတွင် လိုက်ပါလာပြီး တကျိုးတည်းကို အိပ်စက်လေတော့ krist ရဲ့ မီးတောက်နေသော မျက်လုံးအကြည့်များသည် singto ဆိုသူကို ပြာကျလောက်စေနိုင်သည်အထိ ပြင်းထန်လွန်းနေသည်