Singto အိပ်မောကျနေရာမှ တရှပ်ရှပ် မြည်သံ တရစပ် ကြားရသောကြောင့် လန့်နိုးလာရသည်
ဒေါသထွက်ချင်စရာ ကောင်းလောက်တဲ့ ဒီအသံကို သူ ဒီထက်ပိုပြီး လျစ်လျုမရှုနိုင်တော့
ကြားရတိုင်း ဒေါသအလိုလို ထွက်မိသောကြောင့် အိပ်ရာမှ ကောက်ခါငင်းကာ ထလိုက်ပြီး အသံရှိရာသို့ အလောတကြီး ကြည့်မိတော့ထမင်းစားခန်းထဲ အရွက်ပေါင်းစုံ အထုတ်ပေါင်း များစွာဖြင့် အလုပ်ရှုပ်နေသည့် krist ကို သူမြင်လိုက်ရသည်
Singto ဘာအကြောင်းရယ်လို့တော့မဟုတ်ပါဘဲ krist ရှိရာသို့ အလိုလို ခြေလှမ်းတို့ လျှော်လှမ်းမိသည်
"မင်း ဘာလုပ်နေတာလည်း"
သြရှရှနှင့် ခတ်ပြတ်ပြတ်အသံမှာ သာမာန်ထက် အရမ်း အေးစက်လွန်းသည် ထင်ရသဖြင့် krist ကိုယ်လေးတစ်ချက်တော့ တွန့်သွားမိသည်
"ဟင်းချက်နေတာလေ "
Singto ဘာမှမပြောတော့ဘဲ ထိုင်ခုံပေါ် ဝင်ထိုင်လိုက်ပြီး ရေတစ်ခွက်ယူသောက်ကာ krist လုပ်သမျှကို မျက်စိထောင့်ထောက် လိုက်ကြည့်နေတော့ krist မနေသာတော့ပေ
သို့သော်လည်း သူလုပ်စရာ ရှိသည်ကို ဆက်လုပ်နေတော့သည်
Singto ကြည့်မှပဲ သူဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ အစကတည်းမှ မရေရာ မသေချာ ချက်ပြုတ်နေရသည့် မိမိအဖြစ်ကို singto က ဒိုင်လူကြီးတစ်ယောက်သဖွယ် ဘယ်ချိန် လှမ်းဟောက်မလည်းကို သူစိုးရိမ်နေရသည်ကိုယ့်လုပ်ပုံ အသုံးမကျရင် အလုပ်ရှင် အော်ငေါက်လည်း ခေါင်းငုံငြိမ်ခံ ရသည်ပဲမဟုတ်လား
ဟူး ဟင်းချက်ရတာ.အဲ့လောက်ခက်လားကွာ
"ဒါနဲ့ စားပွဲပေါ်က သခွားသီးတွေက ဘာလုပ်ဖို့လည်း"
Singto စားပွဲပေါ် စူးစမ်းရင်း နည်းနည်း ထူးဆန်းသလို ဖြစ်နေသည့် တောင်ပုံယာပုံ သခွားသီးတွေကို လက်ညှိုးထိုးပြီး မေးလိုက်တော့ krist က "ဪ" ဆိုပြီး မိမိနေရာသို့ ဓားကြီးတစ်လက်ဖြင့် အမြန်ဆုံးအလျင်နှင့်အတူ ရောက်ချလာသည်