Part 42

1K 56 0
                                    

ဒွိဟစိတ်​ များစွာဖြင့်​ တည်​ရှိ​နေ​သော singto သည်​ ​နောက်​တ​နေ့ မနက်​ခင်းကို အင်​အားချို့တဲ့စွာနှင့်​ပဲ ကုန်​ဆုံးရ​ပေ​တော့မည်

"အ​ဖေ ​ဆေး​သောက်​ချိန်​​ရောက်​ပြီ"

ကုတင်​​ပေါ်ရှိ ဖခင်​သည်​ singto အသံကြားသည်​နှင့်​ ဆန့်​ကျင်​ဘက်​သို့ လှည့်​ရင်း အိပ်​ပြန်​​လေသည်
ဖခင်​ဖြစ်​သူ အ​ခြေ​နေသည်​ မ​နေ့က​လောက်​​တော့ စိုးရိမ်​ဖွယ်​မရှိ​ပေ
သို့​သော်​လည်း သူ့အ​ပေါ်​တော့ စိမ်းကားစဲပင်

"Sing ငါ ဝင်​လာမယ်​​နော်​"

တံခါး​ရှေ့တွင်​ off နှင့်​ gun တို့ ​ရောက်​နှင့်​ကျ​လေပြီ

"အခြား​နေရာပဲ သွားကြရ​အောင်
အ​ဖေ ကျွန်​​တော့်​ကို ခွင့်​ပြုဦး"

ဖခင်​ဘက်​မှ မိမိ​ပေါ် စိမ်းကား​သော်​လည်း singto လူ့ဝတ္တရားအညီနှင့်​ပင်​ သတိ​ပေးရင်း off gun တို့နှင့်​ အပြင်​မှာ စကား​ပြောရန်​ပြင်​သည်

တာဝန်​ကျရာ nurse ကိုလည်း ​သေချာ​လေး မှာခဲ့ပြီးမှ စကား ​အေး​ဆေး ​ပြောနိုင်​မည့်​ ​နေရာကို ​ရွေးချယ်​​စေသည်

ထို​နေရာ ​ရောက်​​တော့မှ ခုနက တည်​ကြည်​ခဲ့သည့်​ singto ပုံရိပ်​များ တစ်​စက်​မှ မရှိ​တော့
အခု​တော့ အပူသည်​ရုပ်​ ​ပေါက်​​နေသဖြင့်​ off နှင့်​ gun တို့လည်း မသိမသာ သက်​ပြင်းချမိသည်​ပင်

"Kit ကို မင်းတို့ ရှာ​တွေ့ပြီလား ငါ အရမ်း စိုးရိမ်​တာပဲ kit ဘာ​တွေ ဖြစ်​​နေလည်း မသိဘူး"

"ငါတို့လည်း နီးစပ်​ရာ ရှာတာပဲ မစဥးစား တတ်​​တော့ဘူး "

"သူ့ ​ဆွေမျိုး​တွေစီ​ရော ​ရောက်​​နေတယ်​ မဖြစ်​နိုင်​ဘူးလား "

"Sing ငါ နားမလည်​​တော့ဘူး krist ဆိုတာ အရွယ်​​ရောက်​ပြီးသား ​ယောက်ျားသား တစ်​​ယောက်​ပါကွာ မိန်းက​လေးဆိုထား​တော့ အားနွဲ့တယ်​ဆို​ပြိး အခုဟာက ​ယောက်ျား​လေးကို မင်းဘာ​တွေ ဒီ​လောက်​ စိတ်​ပူမှန်း ငါ စဉ်းစား မရ​တော့ဘူး
မင်း သူ့ကို ချစ်​တယ့ဆို​ပေမဲ့လည်​ အခုဟာက အကဲပိုလွန်းတယ်​လို့ မထင်​ဘူးလား"

အချစ်​ဆု​တောင်း......(completed)Donde viven las historias. Descúbrelo ahora