လမ်းမထက် သာမာန်အရှိန်ထက် ပိုမောင်းလာသော join ၏ကားသည် သူအလုပ်ရှိရာ နေရာသို့ ရောက်ရှိခဲ့လေပြီ
မိမိရုံးခန်း ရှိရာသို့ join မြန်မြန်သွားလိုက်သည် အခုချိန် lais နှင့်တွေ့မှာကို အရမ်းစိတ်လောနေသည်Join အခန်းတံခါးကို ဆောင့်ဖွင့်လိုက်ပြီး lais ရှိရာသို့ ဦးတည်သွားခဲ့သည်
ထိုင်ခုံပေါ်တွင် ထိုင်နေသည့် lais ကို မတ်တပ်ရပ်စေပြီး အကျီ င်္ကော်လံမှ ဆောင့်ဆွဲကာ အားပြင်းသည့် လက်သီးတစ်ချက်ဖြင့် ပါးပြင်ပေါ် ညှာတာမှုမရှိ ထိုးသောကြောင့် lais ထိုနေရာမှ လဲကျသွားသည် join လဲကျသွားသော lais ကို တစ်ဖန်ပြန်ပြီး ကော်လံမှ ဆောင့်ဆွဲကာ နှစ်ချက်လောက် ဆင့်ထိုးလိုက်ပြီးမှ ထိုင်ခုံပေါ် ပြန်ထိုင်နေလိုက်သည်
Lais တစ်ယောက် join အပြုမူကို နားမလည်သော်လည်း ထိုကဲ့သို့ စိတ်တိုနေသည့်ပုံပေါ်လျှင် krist နှင့် မကင်းနိုင်သည့် အကြောင်းအရာတစ်ခု ရှိမည်ကိုတော့ သူရိပ်မိသည်"မင်းငါ့ကို ဘာကတိ ပေးထားလည်း
ဖြေလေ မင်းပေးထားတဲ့ ကတိက ဘာလည်း မင်းမှတ်မိလား singto ဆိုတဲ့ကောင်နဲ့ ဝေးအောင် မင်းလုပ်မယ်ဆို အခု သူတို့နှစ်ယောက်က မိုးမမြင် လေမမြင် သာယာနေကြတာ ငါ့မျက်လုံးနဲ့ တည့်တည့်မြင်လာရတာ မင်းသိလား""အဲ့လိုမျိုး မဖြစ်နိုင်ပါဘူး မင်းလည်း သိတယ်မလား သူတို့ခင်တာ ရက်ပိုင်းပဲရှိသေးတယ် ဘယ်လိုမှ မဖြစ်နိုင်ဘူး "
"တောက်.....
မင်းအတွေးခေါ်က ခွေးလောက်တောင်မရှိဘူး "Join ထံမှ ထိုစကားထွက်လာချိန် lais စိတ်ထဲ နာကြည်းရသည်ထက် သူတို့နှစ်ယောက် စကားဝိုင်း၏ အပြင်ဘက်နေရာတွင် နားထောင်နေသည့် bime က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး lais ကိုယ်စား join ပေါ် သူ ဒေါသထွက်မိသည်
"ခင်ဗျားကို ကျုပ်အရင် ဖမ်းပြမယ်"
Bime ထိုသို့ ပြောပြီးသည်နှင့် ထိုနေရာမှ လှည့်ထွက်ကာ လုံခြုံသည့် နေရာသို့သွားပြီး အရေးကြီးသည့် လူတစ်ယောက်စီ ဖုန်းဆက်လိုက်သည်
ထိုသူကတော့ တခြားသူတော့မဟုတ် Prachaya လုပ်ငန်းစု၏ အမွေဆက်ခံသူဖြစ်သည့် singto prachaya ဆိုသူပင်