Part 17

1.3K 69 0
                                    

အချိန်​အားဖြင့်​ ​နေမင်းကြီး ဝင်​ခါနီး ဆဲဆြဲဖစ်​​နေသည်​ ပတ်​ဝန်းကျင်​တွင်​လည်း ​နေအလင်း​ရောင်​ ​တောက်​ပစွာ ထွန်းလင်း မ​နေ​တော့ဘဲ ​နေ​ရောင်​ ​ဖျော့​ဖျော့သာကျန်​သည်
Singto ကား​လေး krist အလုပ်​လုပ်​သည့်​ ဆိုင်​နား​ရောက်​လာချိန်​တွင်​​တော့ ​အ​မှောင်​ထု အတိ ဖုံးလွှမ်းသွားသည်

"P ဆိုင်​ထဲ ဝင်​ဦး​လေ"

"ရတယ်​ ကို အိမ်​ပြန်​​တော့မယ်
Good night ​နော်​ kit "

"P ကလည်း ကျွန်​​တော်​က အိပ်​​တော့မှာလည်း မဟုတ်​ဘဲနဲ့ "

"ည​ရောက်​​နေပြီ​လေ ဒီတညလုံး kit အတွက်​ ​ကောင်းတာ​လေး​တွေပဲ ဖြစ်​ပါ​စေလို့ ကိုက ​ပြောတာ"

"ဪ..."

"Good night kit
ကို သွား​တော့မယ်​"

"ဟုတ်​ ..good night p'sing"

Krist ကား​ပေါ်မှဆင်းပြီး singto ကိုလက်​ပြ နှုတ်​ဆက်​ကာ singto ကား​လေး မြင်​ကွင်းမှ ​ပျောက်​သွားသည့်​ အချိန်​အထိ မျက်​စိတဆုံး ကြည့်​​နေသည်

အ​နောက်​မှ ​အေးစက်​​နေ​သော လက်​တစ်​စုံက krist ပုခုံး​ပေါ် ​ရောက်​လာ​တော့ krist ကိုယ်​​လေး တွန့့်​သွားရသည်
Krist အ​နောက်​သို့ လှည့်​ကြည့်​လိုက်​​တော့ gunဖြစ်​​နေသည်​ gun ကိုကြည့်​ရတာ တစ်​ခုခုကို စိုးရိမ်​​နေသည့်​ မျက်​နှာပုံစံမျိုး

"မင်းကလည်း ကြာလိုက်​တာ "

"P'sing က ဆိုင်​တစ်​ဆိုင်​ ဝင်​​နေလို့ နည်းနည်း​ကြာသွားတာ အရမ်းလည်း မကြာပါဘူးကွာ"

"ငါအတွက်​​တော့ တစ်​စက္ကန့်​က တစ်​နာရီလိုပဲ အရမ်းကြာတယ်​ ဒါနဲ့ p'join မင်းကို ​စောင့်​​နေတာ အကြာကြီးပဲ ဝင်​လာကတည်းက ဘာစကားမှ မ​ပြောဘူး မျက်​နှာက ခပ်​တည်​တညိကြီးနဲ့ ​ကော်​ဖီ သွားချ​ပေးတာ​တောင်​ ​ငါ့ကို တစ်​ချက်​​လေး​တောင်​ မကြည့်​ဘူး "ခ​လေး ပြန်​​ရောက်​ပြီလား " တစ်​ခွန်းပဲ​မေးတာ "

"ဟုတ်​လား p'join ဘာဖြစ်​လို့လည်း မသိဘူး မင်းက အ​စောကြီး ကတည်းက မ​ပြောဘူး "

"​အောင်​မာ မင်းပဲ မင်းအချစ်​​တော်​ကို အ​သေအလဲ ​ငေးကြည့်​​နေတာ​လေ အခုမှလာပြီး ငါ့ကို လာ​ပြော​နေ​သေးတယ်​"

အချစ်​ဆု​တောင်း......(completed)Tahanan ng mga kuwento. Tumuklas ngayon