Part 11

1.4K 78 0
                                    

ည​နေခင်း အချိန်​​ရောက်​ ​သော​ကြောင့်​ singto သည်​ အ​ရေးကြီး အစည်း​ဝေး ချိန်းဆိုထားခြင်း​ကြောင့်​ krist အခန်းစီသို့ လာ​ရောက်​ရခြင်းပင်

Krist ဆို​သော ​ကောင်​​လေးကို သူသ​ဘောကျသည်
အလုပ်​လုပ်​​နေသည့်​ အချိန်​တွင်​ စိတ်​အားထက်​သန်​မှုရှိသည်​ ထို​ကောင်​​လေး၏ မျက်​လုံးများကလည်း
စိတ်​ပါဝင်​စားမှု ရှိသည်​ကို ​ဖော်​ပြ​နေသည်​ပင်
ယ​နေ့ krist သူ့​နောက်​မှ ​နေ၍ အလုပ်​လုပ်​​နေခြင်းသည်​ မိမိနားတွင်​ အချိန်​ကြာကြာ အလုပ်​လုပ်​ဖူးသည့်
လက်​​ထောက်​တစ်​​ယောက်​နှင့်​ အသွင်​တူ​ပေသည်

"ဒီတစ်​ခါ လူ​ရွေးမှန်​ပြီပဲ"
Singto ထံသို့ ထိုကဲ့သို့​သော အ​တွေးမျိုး ဝင်​လာမိသည်​အထိ krist ရဲ့ လုပ်​​ဆောင်​ပုံများသည်​ ​သေ သပ်​လွန်းလှသည်
အထူးသဖြင့်​ မိမိကိုယ်​ကြည့်​​သော သူ၏ မျက်​ဝန်းများထဲတွင်​ ​လေးစားမှုများ ​ရောစပ်​ပါဝင်​​နေသည်​ကို
လူအကဲခတ်​ တတ်​သည့်​ singto တစ်​​ယောက်​ ရိပ်​မိပါသည်
မိမိကိုယ်​ကြည့်​​ဖူး​သော မျက်​လုံးအများစုတွင်​ singto ထိုမျက်​လုံးတစ်​စုံကို​တော့ နှစ်​သက်​မိသည်
လူအများစုသည်​ မိမိ၏ စည်းစိမ်​များကို အားကျ၍ ကြည့်​တတ်​​ပေမဲ့ krist က​တော့ မည်​သူနှင့်​မျှမတူဘဲ မိမိရဲ့ အပြုမူကို သ​​ဘောကျ၍ ကြည့်​သည့်​ မျက်​ဝန်းတစ်​စုံပင်
Singto မခံယူဝံ့ပါ တစ်​ချိန်​က ထို​ကောင်​​လေး​ပေါ် နှုတ်​ကျွံမိသည့်​ စကားများ ကြား​ယောင်​ကာ စိတ်​မသန့်​ သလို ခံစားမိခြင်း​ကြောင့်​ပင်

Singto သည်​ krist အ​ခန်း​ရှေ့​ရောက်​​တော့ တံခါး​ခေါက်​ရန်​ပြုသည်
သို့​သော်​လည်း တံခါးဂျက်​က ပွင့်​​နေ​သော​ကြောင့်​ အံ့သြရသည်
"ဒီဟာ​လေး ဘာလို့ တံခါးမပိတ်​ထားတာလည်း"
Singto ​ပြောပြီးပြီးချင်း အခန်းထဲ ဝင်​လာခဲ့သည်
Singto အခန်းထဲ ​ရောက်​​တော့ ကုတင်​​ပေါ်တွင်​ ​ခေါင်းမြီးခြုံကာ အိပ်​​နေသည့်​ krist ကို​တွေ့ရ​တော့ စိုးရိမ်​စိတ်​က ငယ်​ထိပ်​ထိ ​ရောက်​သွားရသည"်​ krist" ဟု အညင်​သာဆုံးထားပြီး ထပ်​ခါတလဲလဲ ​ခေါ်​နေ​သော်​လည်း krist ဘက်​မှ မည်​သို့​သော တုန့်​ပြန်​မှုမှ မကြားရ​ပေ
ထို့​ကြောင့်​ ​စောင်​ကို လှန်​ကြည့်​မိ​တော့ ​ချွေး​တွေစီးကျ​နေ​သော krist မျက်​နှာ​လေးကို အရှင်းသား ​တွေ့မြငိလိုက်​ရသည်

အချစ်​ဆု​တောင်း......(completed)Unde poveștirile trăiesc. Descoperă acum