"Kit ထတော့ အလုပ် နောက်ကျနေတော့မယ်"
မိမိအား ကျောပေးပြီး အိပ်နေသည့် krist အား singto စိတ်ရှည်ရှည်နှင့် နှိုးနေခြင်းပင်
အခုချိန်ထိ Krist ထံမှ ဘာ တုန့်ပြန်သံမျှ မကြားရသေး"Kit..kit"
Krist အား မိမိဘက်သို့ ဆွဲလှည့်လိုက်တော့ အလိုက်သတိ ပါလာသည်
Krist အသားလေးနဲ့ ထိလိုက်ချိန် krist ရဲ့ ကိုယ်ပူချိန်က singto လက်ဖဝါးထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသည်"Kit ကိုယ်တွေလည်း ပူနေတာပဲ ဆေးခန်းသွားမလား ကိုယ် လိုက်ပို့ပေးမယ်"
"နေပါစေ ကျွန်တော် ဒီလိုပဲ ဖြစ်နေကျ အဆင်ပြေတယ်ဆေးသောက်ပြီး အိပ်လိုက်ရင် သက်သာ သွားမှာပါ"
"ဘယ်ဖြစ်မလည်း အစားလည်း မစားဘဲနဲ့တော့ ဆေးမသောက်ပါနဲ့ ကို တစ်ခုခု ပြင်ပေးမယ်လေ"
ရုတ်တရက် singto ဖုန်းမှ ဖုန်း ringtone သံလေးသည် အလိုက်ကမ်းဆိုးမသိ ထမြည်လာသည်
"အရေးထဲဆို ဒီဖုန်းကလည်း "
Singto မကျေမနပ်ဖြင့် ဖုန်းကောက်ကိုင်လိုက်တော့ off ဖြစ်နေသည်
"ပြော"
အသက် ခပ်ပြတ်ပြတ်နှင့် ဆောင့်ကြီးအောင့်ကြီး ဆိုနေပုံကြောင့် ဖုန်းထဲက off နည်းနည်းတော့ အမြင်ကတ်သွားသည်
ကိုယ်က အားယားပြီး ဖုန်းဆက်နေတာ မဟုတ် အရေးကြီး ကိစ္စကြောင့် ဖုန်းဆက်တာတောင် သူက..."ငါ့အဖေက အရေးကြီးကိစ္စနဲ့ ငါတို့နှစ်ယောက်ကို တွေ့ချင်တယ်တဲ့ ဒီဘက်မှာ ပြသနာ နည်းနည်း တက်နေလို့ ထင်တယ်"
"ငါ မလာလို့ မဖြစ်တဲ့ ကိစ္စလား "
"ဟုတ်တယ် မင်းရော ငါရော မလာလို့ မဖြစ်တဲ့ ကိစ္စကြောင့်မို့ မြန်မြန်လာကွာ "
Singto krist ကို တစ်ချက်ကြည့်ရင်း တွေဝေမိသည်
အခုချိန် krist ဘေးနား.သူရှိချင်သည် နေမကောင်းသောသူကို သူ တစ်ယောက်တည်း ပစ်မထားရက်