Part 24

1.2K 68 1
                                    

Singto ဘဝရဲ့ အချိန်​ အများဆုံးကို​တော့ အလုပ်​လုပ်ြုခင်းဖြင့်​ အများဆုံး ကုန်​ဆုံးဖြစ်​သည်
အခုလည်း ထိုင်​ခုံ​ပေါ် ထိုင်​တာနဲ့ ​ခေါင်းထဲမှာ လုပ်​စရာ​တွေ တန်းစီ​နေပြီ
လူအများ အမြင်​မှာ ​နေ့စဉ်​​နေ့တိုင်း အလုပ်​ပြီးရင်း အလုပ်​ ကုန်​ဆုံး​နေသည့်​ singto ဘဝသည်​ ငြီး​ငွေ့စရာ ​ကောင်းချင်​ ​ကောင်း​နေလိမ့်​မည်
သူ့အတွက်​က​တော့ အ​တွေ့အကြုံနှင့်​ ပညာ​တွေ ရ​သော​ကြောင့်​ ​ကျေနပ်​သည်
ပြောရရင်​ သူရင်​ဆိုင်​ ​နေရသည့်​ စီးပွား​ရေး​လောကက ဂိမ်းတစ်​ခုလိုပဲ အမြဲ ကြိုးစားရတယ်​ လှုပ်​ရှားရတယ်​ အများထက်​သာ​အောင်​ ပြင်​ဆင်​​နေရသလို တခါတ​လေ သူများထက်​ အရင်​ ​တွေးဆ​နေရ​သော​ကြောင့်​ သူသ​ဘောကျတယ်
အရင်​ကဆို မိမိ ဖခင်​ဖြစ်​သူ စိတ်​ချမ်းသာပါ​စေ​တော့ဟူ​သော ရည်​ရွယ်​ချက်​ဖြင့်​သာ စလုပ်​ကိုင်​ခဲ့​သော်​လည်း အချိန်​ကြာလာ​တော့ သူ ပိုနှစ်​သက်​လာတယ်​ သူနဲ့ တသားတည်းလို ဖြစ်​​နေတဲ့ အလုပ်​ကို သူအာရုံစိုက်​တာ များလာတယ်
တစတစ တိုးတက်​လာတဲ့ မိမိရဲ့ အ​တွေး​ခေါ် ရင့်​ကျက်​မှု​တွေကို သူပို သ​ဘောကျလာတယ်​​လေ

"​ဒေါက်​..​ဒေါက်​.."

"ဝင်​ခဲ့ပါ"

Singto ပါးစပ်​မှ ​ပြော​နေ​သော်​လည်း မျက်​လုံးက ဖိုင်​​တွေ ကြားထဲမှမခွာ​ပေ
ရုတ်​တရက်​ off ၏ လက်​ဖြင့်​ အားပြင်းပြင်း ဖိုင်​ကို ပိတ်​ချခိုက်​​တော့မှ singto အကြည့်​တို့က off ဆီကို ​ရောက်​လာခဲ့သည်

"ဘာ​ပြောမလို့လည်းကွာ မြန်​မြန်​​ပြော ငါအလုပ်​လုပ်​ရဦးမယ်​"

"မင်း အလုပ်​ကို အသာထားလိုက်​ဦး အခု ကုမ္ပဏီမှာ ပြသနာ တက်​​နေပြီ"

ရေးကြီးသုပ်​ပျာ ​ပြော​နေသည့်​ off ​ကြောင့်​ singto စိတ်​ထဲ စိုးရိမ်​သလို ဖြစ်​ရသည်

"ဘာပြသနာလည်း"

"မင်းနဲ့ krist အတူလုပ်​တဲ့ အစားစာမှာ ပြသနာ ဖြစ်​​နေတာ အစာ အဆိပ်​သင့်​မှု ဖြစ်​​နေတယ်​တဲ့ကွာ"

"မဖြစ်​နိုင်​ပါဘူး.ငါတို့ ​သေ​သေချာချာ လုပ်​ခဲ့တာ အဲ့လို ဖြစ်​​စရာ မလိုဘူး ပြီး​တော့ တ​လောကပဲ ​ရောင်းအားတက်​ခဲ့​သေးတယ်​ ဘာလို့ အခုမှ ဒီပြသနာ ထ​ဖောက်​ရတာလည်း"

အချစ်​ဆု​တောင်း......(completed)Hikayelerin yaşadığı yer. Şimdi keşfedin