မနက်ခင်း နေရောင်ခြည် ပျိုးစအချိန် ဖြစ်သောကြောင့် singto သည် အိပ်စက်ခြင်းမှ နိုးထခြင်းသို့ မကူးပြောင်းနိုင်သေး သူအိပ်စက်ခဲ့ဖူးသည့် အချိန်အတိုင်းအတာ အားလုံးတွင် ဒီအချိန်လေးသည် မည်သည်နှင့်မျှမတူ
နွေးထွေးခြင်း ရှိသည်ဟု ရင်ဖက်တစ်ခုလုံးက အကြောင်းအရင်း မရှိပါဘဲ လက်ခံနေကြသည်
ထိုအချိန် အနောက်မှ ဖက်တွယ်လာသည့် နူးညံသည့် လက်တစ်စုံ singto မရုန်းမိ အိပ်မက်လား လက်တွေ့လား singto အခုချိန် စိတ်မဝင်စားသေး ထိုလက်တစ်စုံ၏ ဖက်တွယ်ခြင်းကြောင့် ခံစားချက်တွေ မြန်ဆန်နေသည်ကိုသာ သူသိသည်
ထိုလက်တစ်စုံသည် နူးညံခြင်း နွေးထွေးခြင်း ကြင်နာယုယခြင်း တို့ရဲ့ ဖြစ်တည်မှု အစဖြစ်လိမ့်မည်ဟု ကောက်ချက်ချနိုင်သည်
ထိုလက်ပိုင်ရှင်ကို သူတဖြည်းဖြည်းချင်း သိချင်မိသည် အိပ်မက်ဖြစ်လျှင်တောင် ထိုလက်တစ်စုံကို အရူးအမူး ဖမ်းဆုပ်မိမည်မို့ မိမိလည်း လက်တစ်စုံ ဖြစ်တည်သည့် မူလနေရာသို့ လှည့်ကြည့်မိတော့ ယောက်ျားလေးတစ်ယောက် အဖြူရောင် suit ဝတ်ထားပြီး မိမိအား ကျောပေးထိုင်နေသည်
Singto ထိုလူမျက်နှာကို မြင်ချင်သည် တွေ့ချင်သည် ဘယ်ရယ်ကြောင့်မှန်းမသိ ကျောပေးထားသည့် ထိုလူပုံစံကို မြင်ရခြင်းကြောင့် ရင်ခုန်သံတစ်စုံ အချက်ပြနေသလို အဆက်မပြတ် ခပ်မြန်မြန် လှုပ်ခတ်နေသည်
ထိုကောင်လေးရှိရာ သူသွားချင်သော်လည်း သူလျှောက်လှမ်းလို့မရ စိတ်ကဆောင်ပေမဲ့ ကိုယ်ကမရွေ့ အော်ခေါ်ချင်ပေမဲ့ အသံတစ်စုံ အစမပျိုးနိုင် ထိုကောင်လေးလည်း ကျောပေးထားရာမှ မလှည့်လာသလို မိမိလည်း ဆက်သွားရန် အတားအဆီးတစ်ခု ရင်ဆိုင်နေရသလို ထိုကောင်လေးလည်း ထိုင်ရာမှ မရွေ့ပါဘဲ မိမိလည်း ထိုနေရာမှ မည်သည့်နေရာစီသို့ မသွားပါဘဲ နှစ်ဦးကြား အကွာအဝေးသည် ယခင်ရှိသည့် အကွာဝေးထက် တဖြည်းဖြည်း ဝေးကွာသွားသည်