Part 46

1.1K 59 2
                                    

ထင်​သလို ဖြစ်​မလာတဲ့ အချိန်​ဆို လူတိုင်းက ခံပြင်းစိတ်​ ကိုယ်​စီ ဖြစ်​​ပေါ်ကြစမြဲပါ

Singto အခုချိန်​ အာရုံ​တွေ ​ဝေဝါး​နေပြီ
ကောင်းကင်​​ပေါ်တွင်​​တော့ ​လေယာဉ်​တစ်​စီးမှာ အန္တာရာယ်​ ကင်းကင်းနှငိ့ ပျံသန်းထွက်​ခွာ သွားပါ​တော့သည်

"စိတ်​​အေး​အေး ထားပါ singရာ တစ်​နည်းနည်း ကြံကြတာ​ပေါ့"

"ပြီးသွားပြီ off အားလုံးပြီးသွားပြီ
ငါတို့ လိုက်​ရှာဖို့ မလွယ်​​တော့ဘူး
ငါကွာ မ​နေ့ကတည်းက သူဘာ​ပြော​ပြော နားမ​ယောင်​ဘဲ ​ခေါ်လာခဲ့ရမှာ
အခု​တော့ အားလုံး..."

စကား​တောင်​ ဆက်​မ​ပြောနိုင်​​လောက်​​အောင်​ပင်​ ယူကြုံးမရ ဖြစ်​ရတာပါ
ဘေးနားရှိ off gun တို့ နှစ်​​ယောက်​က​တော့ ​တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​ရင်း သက်​ပြင်းချမိရပါသည်

Krist မင်းလုပ်​ရပ်​လိုက်​တာ

ဒီလိုနှင့်​ပင်​ တခြားလူများက​တော့ တစ်​နည်းမဟုတ်​ တစ်​နည်း လိုက်​ရှာရန်​ တက်​ကြ်​စွာ လုပ်​​ဆောင်​​နေကြ​သော်​လည်း singto မှာ​တော့ ငူငူငိုင်​ငိုင်​နှင့်​ပင်

Bime သည်​လည်း တာဝန်​ရှိ​သေးသဖြင့်​ singto ကို အားမ​ပေးနိုင်​​တော်​ပဲ အားတင်းထားရန်​သာ တစ်​ချက်​​ပြောပြီး ထို​နေရာမှ အလျင်​မြန်​ ထွက်​ခွာသွားရရှာသည်

နေ့လည်​ အချိန်​​တောင်​ ​ရောက်​​နေပြိ singto ​လေယာဉ်​ကွင်းက​နေ အခုထိ ထွက်​မလာနိုင်​​သေး

နောက်​ဆုံး​တော့ off တို့ ​ချော့​မော့ပြီးသာ အိမ်​ကို ​ခေါ်လာခဲ့​တော့သည်

"Sing အိမ်​ပြန်​ကျရ​အောင်​ကွာ ဟို​ရောက်​မှ ​အေး​ဆေး စဉ်းစားရင်း krist ကို ရှာကြတာ​ပေါ့"

"သူ လာချင်​ လာ​နေမှာ ငါ kit ကို စိတ်​မချဘူးကွာ မင်းတို့ ပြန်​ချင်​ပြန်​နှင့်​ကြ"

"အဲ့လို​တော့ မလုပ်​ပါနဲ့ P'sing ရယ်​ အရင်​ အနားယူသင့်​ပါတယ် "

"​ပေါက်​စ​ပြောတာ မှန်​တယ်​ ​ဟျောင့်​ လာကွာ အိမ်​ပြန်​မယ်​"

အချစ်​ဆု​တောင်း......(completed)Donde viven las historias. Descúbrelo ahora