Part 14

1.3K 74 0
                                    

အစဉ်​အမြဲ တိတ်​ဆိတ်​​နေတတ်​​သော အခန်းငယ်​တစ်​ခုသည်​ ယခုအခါ၌ သူမတူ​အောင်​ ဆူညံ​နေသည်
အခန်းတွင်းတွင်​ ပစ္စည်းကွဲသံ ကျသံများက သံဇဉ်​မညီ ထွက်​​ပေါ်​နေသည်

Join သည်​ မိမိအနားရှိ ပစ္စည်းများကို ထုခွဲခြင်းအားဖြင့်​ ​ဒေါသကို ​ပေါက်​ကွဲထွက်​​နေသည်
Join မျက်​လုံးထဲတွင်​ ဘာမှမမြင်​​တော့ ​ဒေါသ​ကြောင့်​ အ​မှောင်​အတိ ဖုံးလွှမ်းခြင်းကို ရင်​နင့်​စွာ ခံစား​နေရသည်

"​တောက်​.. singto
မင်းကို တသက်​မ​ကြေဘူး"

Join ထိုစကားတစ်​ခွန်းအား နာနာကြည်းကြည်း ​ပြောပြီးသည်​နှင့်​ လက်​မှ တစ်​စုံတစ်​ခုကို ​ပေါက်​ရန်​အပြုတွင်​ အသိစိတ်​ ပြန်​ဝင်​လာပြီး ​လက်​များ ​လေထဲတွင်​ ရပ်​တန့်​သွားသည်
Join မိမိလက်​ထဲမှ အရာကို ကြည့်​မိ​တော့
မိမိငယ်​စဉ်​က ​မိခင်​ရင်​ခွင်​ထဲတွင်​ ​ပျော်​ရွှင်​စွာ ရှိ​နေ​သော join တသက်​ ​မေ့မရနိုင်​​သော photo frame လေးပင်

Join စိတ်​ထဲတွင်​ အခုချိန်​ ​ဒေါသထက်​ စိတ်​အားငယ်​မှုက လွှမ်းမိုးလာသည်
ဝမ်းနည်းသည်​ မခံမရနိုင်​​အောင်​ ဝမ်းနည်းသည်

"သူ့​ကြောင့်​ ...သူ့​ကြောင့်​"
Join နှုတ်​မှ ထိုစကားသာလျှင်​ ထွက်​နိုင်ပြီး photo frame​လေးအား.သူ့ရင်​ဘတ်​၏ အဆုံး​နေရာသို့ ​ရောက်​သည်​အထိ သူဖက်​ထားမိသည်

Singto သည်​ သူတို့မိသားစုအ​ပေါ် ဆိုးသွမ်း​သော ကံကြမ္မာတစ်​ခုကို မ​မွေးခင်​ကတည်းက ဖန်​တီး​နေသည့်​လူသားတစ်​​ယောက်​ ဖြစ်​သည်​ဟု သူမှတ်​ယူထားသည်

သူ့​ကြောင့်​ join မိဘနှစ်​ပါး ခွဲခွာခြင်းကို ယူကျုံးမရ ခံစားခဲ့ရသည်​ ထို့ပြင်​ အိမ်​​ထောင်​ဦးစီး မရှိသည့်​ မိသားစုကို တည်​​ဆောက်​ရာတွင်​ မိခင်​ဖြစ်​သူ လမ်းမှားကို ​လျှောက်​မိ​သော​ကြောင့်​ ​သေဆုံးခြင်းအဖြစ်​သို့ ​ရောက်​ရှိချိန်​ join ရင်​ဘတ်​တစ်​ခုလုံး စုပ်​ပြတ်​သတ်​သွားရသည်​အထိ ခံစားခဲ့ရဖူးသည်

ထိုအချိန်​မှ စပြီး join သည်​ ​အသည်းနှလုံးမရှိသည့်​ ​ကျောက်​ရုပ်​လူသားတစ်​​ယောက်​ပမာ ​ဘဝကို ရှင်​သန်​ခဲ့သည်
သူ့ဘဝတွင်​ ​ပျော်​ရွှင်​ခြင်းအလျင်းမရှိ ဝမ်းနည်းခြင်းဆိုသည့်​အရာ​တောင်​ စာရင်းမသွင်းထားဘဲ စက်​ရုပ်​တစ်​ရုပ်​ပမာ သူ​နေထိုင်​ခဲ့သည်
သူ့နှလုံးသား စတင်​လှုပ်​ခတ်​သည့်​ အချိန်​သည်​ "ခ​လေး" နှင့်​ စတင်​​တွေ့ဆုံသည့်​ အချိန်​ပင်
သူ ခ​လေး ကိုချစ်​သည်​ ရူးရူးမူးမူးကို ချစ်​သည်​ မြင်​မြင်ချင်း ချစ်​မိတဲ့အချစ်​က ​joinအတွက်​ လေးနက်​လွန်း​သည်

အချစ်​ဆု​တောင်း......(completed)Tahanan ng mga kuwento. Tumuklas ngayon