Part 18

1.2K 69 0
                                    

မနက်​ခင်း ​နေအလင်း​ရောင်​ အစပျိုးချိန်​ ​ရောက်​သည့်​အခါတွင်​ krist ရဲ့ ဖုန်းမှ နှိုးဆက်​သံ​လေးသည်​ အခန်းအတွင်းရှိ တိတ်​ဆိတ်​မှု အလုံးစုံကို ဖြိုခွင်းသွားသည်
လက်​က ​ရောင်​ရမ်း စမ်းပြီး.အသံပိတ်​​အောင်​ ကြိုးစား​နေသည်
သူ့​ဘေးတွင်​ အိပ်​​နေ​သော gun က​တော့ ဆင်​နင်းရင်​​တောင်​မှ နိုးမယ့်​ပုံမ​ပေါ် ပါးစပ်​အ​ဟောင်းသားနဲ့ အိပ်​​ပျော်​​နေသည့်​ပုံမှာ ပိတ်​ကန်​ချင်​စရာ

Krist အိပ်​ယာ​ပေါ်မှ ထကာ အ​ကြောဆန့်​​နေပြီး တစ်​​နေ့တာ ပြင်​ဆင်​စရာ ရှိသည်​ကို စတင်​ပြင်​ဆင်​ရ​တော့သည်
မျက်​နှာသစ်​ သွားတိုက်​ကာ အဝတ်​စား လြဲပီးသည့်​ အချိန်​ထိ gun မနိုး​သေးပင်
Gun ကို krist အလုပ်​ မသွားခင်​ နှိုးရသည်​မှာ  အမြဲလုပ်​​ဆောင်​ရသည့်​ တာဝန်​တစ်​ခုပင်

"Ai'gun ထ​တော့ကွာ ​နေဖင်​ထိုး​နေပြီ ​သေမ​နေနဲ့​တော့"

"ငါးမိနစ်​ပဲ ခ​န​လေး"

"ငါးမိနစ်​လည်း မရ​တော့ဘူး ထစရာ ရှိတာထ ငါအလုပ်​ သွား​တော့မယ်​"

အ​ရှေ့မှ ကားဟွန်းတီးသံ ကြားရ​တော့ krist တစ်​​ယောက်​ gun ကိုပင်​ ​ဖြောင့်​​ဖြောင့်​ မနှိုးနိုင်​​တော့ဘဲ အလျင်​စလို ထွက်​ခွာလာရသည်

"ဒီ​ကောင်​ ​ပြောလိုက်​ရင်​ ​လေကြီး​လေကျယ်​ ပြီး​တော့ ဒီအချိုးပဲ ဟွန့်​ ​သောက်​မြင်​ကို ကတ်​တယ်​"

Gun သည်​ krist ကို အ​ဝေးမှကြည့်​ရင်း ​ကောက်​ချက်​ချ​နေသည်
"Krist မင်းကို​တော့ လက်​​မြှောက်​ အရှုံး​ပေးတယ်​ ဘယ့်​နှယ်​ မ​နေ့ညက​တော့ တကယ့်​ကို နာကျင်​ခံစား​နေတဲ့ ပုံစံမျိုး ကိုယ်​​တောင်​ မ​ပြောစဖူး ကြီးကြီးကျယ်​ကျယ်​ စကား​တွေ​ပြောပြီး နှစ်​သိမ့်​ရ​သေးတယ်​ သူငို​တော့ ကိုယ်​ပါ ငိုရ​သေးသည်​ အခု​တော့လည်း krist မျက်​နှာက ပြုံး​ပျော်​​နေတာပဲ"

ချစ်​​သောသူနဲ့​တွေ့ရင်​ ဘယ်​အရာမဆို ​မေ့​နေတတ်​ကြတာလား

"Krist မင်းအတွက်​​တော့ ရင်​​လေးတယ်​ "
Gun စိတ်​ထဲတွင်​ krist ကို သနားမိသည်​ အချစ်​နွံထဲ နစ်​​နေရင်​ ရုန်းထွက်​ရ မလွယ်​မှန်း သူကြုံဖူးလို့ သူသိသည်

အချစ်​ဆု​တောင်း......(completed)Donde viven las historias. Descúbrelo ahora