Part 28

1.2K 70 0
                                    

" ငါနဲ့​ဝေးရာ ထွက်​သွား​ပေးပါ"

"ဟင့်​အင်း ကျွန်​​တော်​မသွားဘူး P ကျွန်​​တော့ကို မချစ်​လည်း​နေပါ Pအနားမှာ​တော့ ​နေခွင့်​ပြုပါ"

Krist ရှိုက်​ကြီးတငင်​ဖြင့်​ ငိုယိုပြီး singto ကို ဒူး​ထောက်​မတတ်​ ​တောင်းပန်​ကာ တသွင်​သွင်​ ဆို​နေသည်

"Kit...kit "

ဆိုဖာ​ပေါ် ​ယောင်​ယမ်းပြီး ​အော်​​နေသည့်​ krist ရှိရာ အ​ပြေးလွှားသွားပြီး စိုးရိမ်​တကြီး ​မေးယူ​နေသည့်​ singto ၏ လက်​များကို တင်းကြပ်​စွာ ဆုပ်​ကိုင်​ထားပြီး သူ့ကိုချစ်​​ကြောင်း ထပ်​တလဲလဲ​ပြော​နေသည့်​ krist ပုံစံ​လေး​ကြောင့်​ သူ့မှာ ငိုရခက်​ ရယ်​ရခက်

"Kit..."

နောက်​တစ်​ကြီမ်​ အသံရှည်​နဲ့ ​ခေါ်လိုက်​​တော့မှ krist အိပ်​ယာမှ လန့်​နိုးလာသည်

နိုးနိုးချင်း လူကို မမြင်​ဖူးသည့်​လူလို အူ​ကြောင်​​ကြောင်​ စိုက်​ကြည့်​​နေ​တော့ singto နိုး​နေသည့်​လူကို ထပ်​သတိဝင်​​အောင်​ ထပ်​​ခေါ်ရပြန်​သည်

"Kit ထမင်းစားမယ်​ ထ​တော့"

"P..."

"အင်း ဘာ​ပြောမလို့လည်း "

"ဘာမှ မဟုတ်​​တော့ဘူး ထမင်းစားမှာမလား ကျွန်​​တော်​ကူညီ​ပေးမယ်​"

"အင်း မြန်​မြန်​ထ​တော့"

Singto နှင့်​အတူ krist လည်း ထမင်းစားခန်းသို့ အတူဝင်​​ရောက်​လာသည်

စားပွဲ​ပေါ်မြင်​လိုက်​ရတဲ့ ဟင်းခွက်​များစွာက သူယခင်​က ချက်​ထားသည်​နှင့်​ ပုံစံအနည်းငယ်​ ကွဲပါး​သော်​လည်း သူချက်​သည့်​ အမယ်​အတိုင်းပင်

Singto က သူနှင့်​မျက်​နှာချင်းဆိုင်​တွင်​ ​နေရာယူထိုင်​လိုက်​ပြီး အစား​သောက်​များကို စတင်​စား​နေသည်
Krist လည်း မိမိနှင့်​နီးရာ ခုံတစ်​ခုကို ဆွဲယူပြီး ထမင်းဝင်​စား​နေ​လေသည်
ဒီထမင်းစားဝိုင်းတွင်​ ဇွန်းသံမှအပ မည်​သည့်​စကားသံမျှ မကြားရ​ပေ

မည်​သူမှလည်း ထမင်းကို မယ်​မယ်​ရရ စား​သောက်​ခြင်းမရှိဘဲ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ အရိပ်​အကဲကြည့်​ စား​သောက်​​နေခြင်း​ကြောင့်​ စား​သောက်​ခြင်းက ထင်​သ​လောက်​ ခရီးမ​ရောက်​ကြ

အချစ်​ဆု​တောင်း......(completed)Donde viven las historias. Descúbrelo ahora