Part 3

2.2K 111 0
                                    

krist တစ်​​ယောက်​ driver အလုပ်​ ရပြီဆို​တော့ ရင်​ထဲတစ်​ပူ ​လျော့သွားသည်​ မှီတဲ့အတန်းချိန်​ ပြန်​တက်​​နေလိုက်​ပြီ ည​နေပိုင်း အချိန်​ပိုင်းအလုပ်​ကို ဝင်​လုပ်​​နေလိုက်​သည်​ krist သူ့အလုပ်​ချိန်​ပြီး​တော့ သူ့ရဲ့အလုပ်​အသစ်​အတွက်​ ခပ်​သုပ်​သုပ်​​လေး ​ပြေးရ​သေးသည်​ ယာဉ်​​မောင်းလိုင့်​စင်​​တွေ ဘာ​တွေထည့်​ပြီး လမ်းမထက်​ busကား ဝင်​တိုးပြီးစီးခဲ့ရသည်​ ​krist နာရီကိုကြည့်​လိုက်​ အလုပ်​​နောက်​ကျမှာကို စိုးလိုက်​နဲ့ ရင်​တမမဖြစ်​​နေသည်​ အလုပ်​ဘယ်​အချိန်​စလို့ ဘယ်​အချိန်​ပြီးမှာလည်း သူုမသိခဲ့ အလုပ်​​လျှောက်​တုန်းကလည်း သူလည်း​ပြောချင်​ရာ​ပြော ကိုယ်​လည်း​မေးချင်​တာ​မေးနဲ့ ပြီးသွားတာ သူလည်းဒါ​တွေမ​မေးမိသလို p'joinလည်း သတိမ​ပေးမိ krist သူ့စိတ်​မှန်းနဲ့ အချိန်​​စောသထက်​​စော​အောင်​သာ သွားလိုက်​​တော့သည်
busကားရပ်​​တော့ busကား​ပေါ်က​နေ ခုန်​ဆင်းပြီး အမြန်​ဆုံးနှုန်းနဲ့ အလုပ်​စီကို ​ပြေးသွားရသည်​ အလုပ်​​ရှေ့​ရောက်​​တော့ krist ခနနားလိုက်​ပြီး အသက်​ဝဝရှူ​နေလိုက်​သည်​ ပြီးမှ မိမိအဝတ်​စားကို သပ်​ရပ်​ကို ​သေချာပြန်​ပြင်​ဆင်​ပြီး bar ထဲသို့ ဝင်​လာလိုက်​သည်
သူ​ဌေးရုံးခန်းကိုရှာ ပြီး​တော့ ရုံးခန်းတံခါး​ခေါက်​လိုက်​သည်

"ဟင်​ ဘာသံမှလည်းမကြားဘူး"

Krist ​နောက်​တစ်​ချက်​ ထပ်​​ခေါက်​လိုက်​သည်​ သို့​သော်​ အထဲမှ တုန့်​ပြန်​သံမကြား krist လည်း​ ​ဘေးကဖြတ်​​လျှောက်​သွားတဲ့ waiter ​လေးကို ​လှမ်း​မေးရသည်

"Nong ဟိုဟာ​လေ သူ​ဌေးရှိလားမသိဘူး"

"P က သူ​ဌေးနဲ့ ချိန်းထားလို့လား"

"အင်း P ကအလုပ်​သမားသစ်​ပါ"

"ဪ..သူ​ဌေးမှာထားတယ်​ သူအ​ရေးကြီးကိစ္စရှိလို့ သူ့ရုံးခန်းထဲမှာ ထိုင်​​စောင့်​​နေပါတဲ့ "

"ဪ ​ကျေးဇူးပဲ​နော်​"

"Pက အရမ်းကံ​ကောင်းတဲ့လူပဲ သူ​ဌေးက ဘယ်​တုန်းကမှ အာ့လိုမလုပ်​ဖူးဘူး သူ့မန်​​နေဂျာနဲ့ပဲ အလုပ်​သမားကိစ္စ​တွေကိုလွှတ်​ထားတာ သူဝင်​မပါဖူးဘူး"

အချစ်​ဆု​တောင်း......(completed)Onde histórias criam vida. Descubra agora