Lais တစ်ယောက် join ချိန်းဆိုထားသည့် ရုံးခန်းထဲသို့ အရောက်လာခဲ့ပြီး join လာမာ့် အချိန်ကို စောင့်မျှော်နေခဲ့သည်
အတန်ကြာတော့ ရုံးခန်းမှ တံခါးပွင့်လာခဲ့သည်
Join လို့ ထင်ထားခဲ့သော်လည်း join မဟုတ်ခဲ့ တခြားတစ်ယောက်သာ
ထိုတစ်ယောက်ကို lais သိသည် သိသည်ဆိုရုံထက် ပိုသည် ထိုကောင်လေးသည် မိမိနှင့် တစ်ဦးတည်းသော သွေးသားရင်းဖြစ်သည့် မိမိ၏ ညီငယ်ပင်ဖြစ်သည်Bime ဟုခေါ်သည့် သူ့ညီနှင့် သူမကြာခင်ကမှ ဆုံခဲ့သည်
Bime သူ့စီသို့ ဆက်သွယ်လာပြီး မိမိ၏ ညီဖြစ်ကြောင်းကို သူကိုယ်တိုင် ဖွင့်ပြောခဲ့ပြီး မိခင်ဖြစ်သူ ဓာတ်ပုံနှင့်တကွ သက်သေခံ ယူလာခဲ့သည်Lais ထိုအချိန်က မိသားစု ဆိုသည့် အခေါ် အသုံးနှုန်းနှင့်အတူ "ညီ" ဆိုသည့် နာမ်စားပါ ကြားရသောကြောင့် ရင်ဘတ်တွင် ဝမ်းနည်းစွာ ဖြစ်တည်လာသော မျက်ရည်က ပါးပြင်ပေါ် အလိုလျောက် ကျဆင်းမိသည်
သူငယ်စဉ်က ညီဖြစ်သူနှင့် လူချင်း ကွဲသွားပြီး ယောင်လည်လည်ဖြင့် တစ်ယောက်တည်း ဖြစ်ခဲ့သည်
လမ်းတွင် အားငယ်သူ ကလေးငယ်ကို မသမာသူတွေက မျက်စိကျသောကြောင့် အသက်နှင့် ရင်းပြီး ပြေးရာမှ မိမိ၏ မိသားစုနှင့် ဝေးသည်ထက် ပိုဝေးသော နေရာသို့ သူရောက်ရှိခဲ့သည်အခု သူ့စီ ရုတ်တရက် ပေါ်လာသော ညီ ဖြစ်သူကို သူထွေးပွေ့မထားမိသေးပါ
" အ..အမေ ရော"
Lais ထိုမေးခွန်း လေးကိုပင် ဖြောင့်အောင် မဆိုနိုင်ပါ အရမ်း နူးညံလွန်းသည့် "အမေ" ဟူသော သူ့ဘဝတွင် တစ်ယောက်သာရှိသော မိခင်ဖြစ်သူအကြောင်း မေးရခြင်းမှာ ရင်ကိုလှိုင်းခတ်သွားသလို တုန်လှုပ်စေမိသည်
Bime မျက်နှာက ဝမ်းနည်းရိပ်အတိ ဖြစ်ပေါ်သွားသည်ကို lais မြင်လိုက်ရတော့ သူအဖြစ်မှန်ကို ဆက်မတွေးရဲတော့