Part 47

1.4K 79 2
                                    

ဒီ​နေ့ singto သူသိလိုက်​ရတဲ့ နာကြည်းဖွယ်​ အမှန်​တရား တစ်​ချို့ရယ်​နှင့်​အတူ ရရှိလာခဲ့​သော သဲလွန်​စတစ်​ချို့​ကြောင့်​ ကားကို အရှိန်​နှင်​ ​မောင်းပြီး သူမညွှန်​ပြ​သော ချစ်​သူ​နယ်​​မြေသို့ အလျင်​မြန်​ ​မောင်းလာခဲ့​တော့သည်

ခေါင်းထဲမှာလည်း တစ်​စုံတစ်​ရာ သွတ်​သွင်းလို့ မရ​လောက်​​အောင်​ ထူပူ​နေသည်​ပင်

Off တို့ကို ဖုန်းဆက်​ပြီး တည်​​နေရာသို့ ရဲများနှင့်​ အတူလာရန်​ ​စေခိုင်းခဲ့​သေးသည်

တ​ရွေ့​ရွေ့ မဟုတ်​ပါဘဲ အမြန်​နှုန်းနှင့်​ ​ရောက်​ရှိလာသည့်​ ဒီ​နေရာတွင်​ krist ရှိခဲ့သည်​ မှန်​​သော်​လည်း အရင်​လို လွဲသွားမည်​ကို ​ကြောက်​သည်

ထို့​ကြောင့်​လည်း သူ ခရီး​တော်​​တော်​ နှင်​ပြီးမှ အားလုံးကို ဆက်​သွယ်​ခဲ့သည်

ဒီတစ်​ခါ​တော့ မလွဲပါရ​စေနဲ့ kit ရယ်

Singto Mizz ညွှန်​ပြသည့်​ ​နေရာ​ရောက်​​တော့ သီးသန့်​ဆန်​လှသည့်​ လုံးချင်းအိမ်​ တစ်​လုံးကို သူ​တွေ့ခဲ့သည်

မသိမသာ အနီးကပ်​ သွားလိုက်​ပြီး အထဲမှ အ​ခြေ​နေကို အကဲခတ်​ ကြည့်​မိ​တော့ အ​တော်​ပင်​ ​ခြောက်​ခြားဖွယ်​​ကောင်း​အောင်​ တိတ်​ဆိတ်​လွန်း​နေသည်

ဘယ်​လိုမှ အကဲခတ်​လို့မရ​ပေ
မီးမှိန်​မှိန်​မှလွဲ၍ ကျန်​တာ အကုန်​သက်​မဲ့​နေခဲ့သည်

သူလည်း စိတ်​ထဲ အနည်းငယ်​​တော့ ​လေးလံ​နေသည်​ပင်

ပတ်​ဝန်းကျင်​နှင့်​ ကိုက်​ညီစွာ လှုပ်​ရှားပြီး အိမ်​နားသို့ ကပ်​ရန်​ ပြင်​​လေသည်

ထူးထူးဆန်းဆန်း ပြတင်း​ပေါက်​ တ​ပေါက်​ ပွင့်​​နေသည်​ကို သူ​တွေ့ခဲ့ရသည်

အသာယာသာ နီးကပ်​လိုက်​ပြီး ​ချောင်း​မြောင်း ကြည့်​ရှုရန်​ ပြင်​​သောအခါ

အိပ်​ယာ​ပေါ်.ဒူးတုတ်​ပြီး ထိုင်​​နေတဲ့ krist ကို သူ​တွေ့ခဲ့ရသည်

Singto လည်း ဝမ်းသာအားရ ဖြစ်​သလို ခန္ဓာကိုယ်​ လည်း ပြတင်း​ပေါက်​မှ ​ကျော်​တက်​လာခဲ့သည်

အချစ်​ဆု​တောင်း......(completed)Onde histórias criam vida. Descubra agora