မနက် နေအတော်လင့်နေမှ singto အိပ်ယာမှ နိုးထခဲ့လေသည် ခေါင်းတစ်ခြမ်းလုံး ကိုက်ခဲနေသဖြင့် ဝေဒနာကို နိုးထသည့် အချိန်ကတည်းက ခံစားရပေသည်
"ကျွတ်.. တခေါင်းလုံး ကိုက်ခဲနေတာပဲ "
ငြီးတွားရင်း အိပ်ယာမှ ထရန်ပြင်မှ သူတစ်စုံတစ်ခုကို သတိရမိသည်
"Krist... "
အိပ်ယာမှ အသည်းသန် ထလာပြီး ဧည့်ခန်းသို့ အလျင်မြန် သွားလာနေပြီး အလာတကြီးဖြင့် krist ကို ရှာဖွေနေသည်
"Kit မင်း ဘယ်မှာလည်း
Kit...kit.."ကျယ်လောင်သော အသံတို့နှင့်အတူ အိမ်တစ်ခုလုံး ပျံနှံ့သွားသော်လည်း krist စီမှ တုန့်ပြန်သံ တစ်စုံတစ်ရာမျှ ပြန်မကြားရသဖြင့် singto စိုးရိမ်စိတ်တို့ ဖြစ်ရလေသည်
"Join များ kit ကို ရှာတွေ့သွားလို့လား"
ထိုအတွေးက singto ကို ပူလောင်စေသည် krist နဲ့ join တွေ့လို့ မဖြစ်သေး
မဟုတ်ရင် သူထင်သလို ပြသနာဖြစ်လာရင် krist ဘဝ ..Singto အခန်းအနှံ့ ရှာဖွေသော်လည်း.သူမတွေ့ရ ခြံထဲဆင်းပြီး.ရှာဖွေချိန် မိမိကားပါ ပျောက်ဆုံးနေသည်ကို တွေ့ရတော့
Kit များ ထွက်ပြေးသွားတာလား
Singto အလောတကြီးဖြင့် ဧည့်ခန်းသို့ ပြေးလာပြီး ဖုန်းဆက်ရန် ပြင်ရသည်
တောက်...
မိမိဖုန်းပါ ပျောက်ဆုံးနေတော့ စိုးရိမ်စိတ်အပြင် ဒေါသပါ အပိုစောင်း ဖြစ်သွားရသဖြင့် လူက ဘာလုပ်လို့ လုပ်ရမလည်း မသိတော့
စိတ်ထဲတွင် krist စီရောက်ရန် အပြေး.စဉ်းစားနေမိသည်
*******
Krist နဲ့ off ကတော့ အခုချိန်တွင် အလုပ်ပြီးရင်း အလုပ် ဖြစ်နေကြသည်
တတီတီမြည်နေသည့် ဖုန်း တစ်လုံးပြီး.တစ်လုံးအပြင် တောင်ပုံရာပုံ ဖြစ်နေသည့် ဖိုင်တွဲများက လူရုပ်ပင် မပေါက်နိုင် အလုပ်ပိနေကြလေသည်