ညအချိန်မတော် ကားလမ်းမထက် လျင်မြန်သော အရှိန်နှုန်းဖြင့် ကားတစ်စီး ဖြတ်မောင်းနေသည်
တခြားလူတော့မဟုတ် off ပင်
Singto ရဲ့ ကောင်းမှုနဲ့အတူ သူနေရာ ဝေးလှစွာသော အိမ်သို့ ကားမောင်းပို့ခဲ့ရသည့်အပြင်ကို ဘေးနားတွင် Gun ကပါ ပါလာသေးတော့ စိတ်ညစ်ပြီးရင်း စိတ်ညစ်ရသည်Singto နှင့် krist အဆင်ပြေပါစေဆိုသော အတွေးလေးဖြင့် Gun off နှင့် မရရအောင် လိုက်ပါခဲ့သည်
ကိုယ့်ကို အတင်းမောင်းလွှတ်သော်လည်း လမ်းတနေရာရာမှာ ချပေးလည်း အဆင်ပြေတယ် ဆိုသဖြင့် သူလိုက်ပါခဲ့ရခြင်းပင်
"ခင်ဗျား ကားကို ဖြေဖြေးမောင်းဗျာ ကျွန်တော် မသေချင်သေးဘူး"
"ဒီအချိန် ဘယ်ကားမှလည်း မလာဘူး မင်းပြောသလို ဖြေးဖြေးမောင်းရင် အိမ်ကို မနက်မှ ပြန်ရောက်လိမ့်မယ် "
"ဘယ်ချိန်ရောက်ရောက်ဗျာ ဘဝမကူးရင် တော်ပြီ"
"မင်း အရမ်း စကားများတယ် ပေါက်စ"
"ကျစ်..လာပြန်ပြီ ဒီစကား နားကြားမြင်းကတ်ဖို့ကောင်းတယ် ကျွန်တော့်နာမည် Gun လို့ ပြောပေါင်းလည်း များနေပြီ ဦးနှောက်မကောင်းလည်း ဒီနာမည်တော့ မှတ်ပေးထား"
Off Gun ကို မကြည်ကြည့် ကြည့်ပြီးတော့သာ လမ်းခရီး ဆက်ခဲ့သည်
Gun နှင့် အငြင်းပွားတိုင်း.သူ ဒေါသထွက်ပြီး ကျန်ခဲ့တာပဲရှိတယ် သူနိုင်သွားတယ်ဆိုတာ ရာဇဝင်မှာ စာမတင်ရသေးသ၍ မျက်စောင်းကလွဲပီး off ဘာကိုမှ မလုပ်နိုင်သေးနောက်မှ တွေ့ကျတာပေါ့ ပေါက်စရာ
"မင်းကို ငါ ဘယ်နေရာမှာ ချပေးခဲ့ရမှာလည်း"
"ခင်ဗျား ရပ်ချင်တဲ့နေရာရပ်ဗျာ ကျန်တာ ကိုယ့်ဘာသာ လုပ်လိုက်မယ်"
"ဒီအချိန်ကြီး အဆင်ပြေပါ့မလား တော်ကြာ ကလေးဖမ်းတွေ တွေ့သွားလို့ မင်း ဒုက္ခရောက်နေမယ်"