္ထမနက်ပိုင်း TV ထဲ အာရုံရောက်နေတော့ krist တစ်ယောက် ပျင်းသည် မရှိသော်လည်း နေ့လည်ခင်းရောက်ချိန်တော့ သူပျင်းလာပြီ
တစ်ရေးတမော အိပ်မည်ဟု ကြံကာ အခန်းထဲသို့ ဝင်လာလိုက်သည် ကုတင်ပေါ် ပစ်လှဲချလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်ရန်သာ ကြိုးစားနေသည်"ဟူးးး ပြန်ပေးဆွဲခံရတဲ့ လူတွေထဲမှာ ငါ့လောက်ကံကောင်းတဲ့လူ ရှိပါဦးမလား"
Krist ခပ်ပြုံးပြုံး တွေးရင်း မိမိပြန်ပေးဆွဲ ခံနေရတာကို စိတ်ထဲ ကြိတ်ပြီး ပျော်နေသည်
သူများတကာတွေလို မိသားစုအတွက် စိတ်ပူနေစရာလည်း မလို
ဒီလိုကျတော့လည်း တစ်ကြောင်ကြွက် ဆိုတဲ့အရာက သူ့အတွက် ကံကောင်းတဲ့ နိမိတ်စကားလိုလို
သူငယ်ချင်းဖြစ်သူ gun ကိုတော့ အကြောင်းစုံ ပြောပြချင်သည် အခုချိန် သူစိတ်ပူုနေမည်ကိုတော့ krist သိသော်လည်း မတတ်နိုင်ဘူးလေ သူမှ ဆက်သွယ်လို့မရတာ
ဇာတ်လမ်းထဲကလို အသက်ရုန်းပြီး ပြန်ပြေးရအောင်လည်း krist မလုပ်ချင်ပါ အဲ့လိုလုပ်ရမှာ လွန်စွာပျင်းသည်
အခုလို ဘာမှ မလုပ်ရသလို သူ့ crush ကြီးနဲ့လည်း နေ့တိုင်း တွေ့ရသေးတယ် မဟုတ်လား
Krist အတွက် တစ်ချက်ခုတ် သုံးလေးငါးချက် ပြတ်ဆိုတော့ ဒီနေရာကနေ ကြိုးစားပြီး ထွက်ပြေး မနေတော့ကုတင်ထက် မိန့်မိန့်ကြီးပြုံးကာ အိပ်ပျော်ရန်ကြိုးစားနေသည့် krist တစ်ယောက်ကတော့ ဇိမ်ပြေနပြေ နဲ့ဖြစ်နေသော်လည်း မဖြစ်နိုင်သည့်သူက ကုမ္ပဏီတွင် အလုပ်ရှုပ်နေသည့် singto ပင်
Krist ကို အလုပ်နေရာ ခေါ်မလာတော့ သူ့အလုပ်ပါ ကိုယ်က လုပ်နေရပြန်သည်"ကျစ်..မဖြစ်တော့ဘူး နောက်ထပ်လူခေါ်ရမယ်"
Singto စိတ်ရှုပ်ရှုပ်နဲ့ အလုပ်လုပ်နေရသည်
ဒီအချိန် ဟို.စောင်ကလေး အိမ်မှာ အခန့်သား နေနေမည်ကို မြင်တော့ သူ့အတွက် မတရားသလို ခံစားရသည်
သူ့ကို ကာကွယ်ပေးရတယ် သူ့အတွက် နေရထိုင်ရ အဆင်ပြေအောင် ကိုယ်တိုင် လုပ်ရတယ် အခု သူ့အလုပ်တွေပါ လုပ်ရသေးတယ်