Krist ရဲ့ စိတ်ကောက်တော်က စကားတစ်ခွန်း ချွဲရုံနဲ့ ရမယ်လို့ ထင်မိတဲ့ singto တော့ ဒုက္ခလှလှ တွေ့နေပြီ
ယောင်ရမ်းပြီး အင်း လိုက်မိတဲ့ ကိုယ့်ပါးစပ်ကိုသာ ကျိန်ဆဲမိတော့သည်
သူများတွေလို Ro ဆန်ဆန် အချစ်စကားတွေပြောရန် ရင်ဘတ်ထဲ ထည့်ထားရင်း ကြင်ကြင်နာနာ မဆိုထားနှင့် အနှောက်ယှက်တွေတောင် ဒင်းလေးက ဖုန်းဆက်ခေါ်ထားသေးတယ်
အတန်ကြာတော့ အခန်းပေါက်ဝကနေ "krist " ဆိုတဲ့ အသံရှည်ဆွဲရင်း ဝင်လာတဲ့ gun တစ်ယောက်
အနောက်မှာတော့ off က မနိုင်မနင်း အထုတ်ပေါင်းများစွာ ဆွဲလာရင်း တစ်ချက်သာ ပြုံးပြအားတယ်
သူလည်း gun ဒုက္ခ ခံရတဲ့ လူပဲလေ...Singto နေရာဖယ်ပေးရန် ပြင်တော့ gun က ကုတင်ပေါ် တင်ပါးစောင်း ထိုင်ပြီး krist ရင်ခွင်ထဲ ပိုင်စိုးပိုင်နက် ဝင်ရောက်လာသည်
သူတောင် နားမခိုရသေးတဲ့ ရင်ခွင်အသစ်စက်စက်ကို gun က မျက်လုံးမှိတ်ရင်း အသုံးတော်ခံနေပုံက singto ကို နေမသိထိုင်မသာ ဖြစ်ပေါ်စေသည်
Krist ကလည်း.သူ့ကို ဂရုမစိုက် gun လာကတည်းက လက်ကမ်းတောင် ကြိုဆိုနေသေး
ခုနက ဆူပုတ်နေတဲ့ နှုတ်ခမ်းသားတွေကလည်း ကြက်ပျောက်ငှက်ပျောက်
စိတ်တိုချငိစရာ ကောင်းလောက်အောင် ပါးချိုင့်ကို ထင်းခနဲပေါ်သည်အထိကို ပြုံးနေလိုက်ကြတာမသိရင် နှစ်ချီမှ ပြန်တွေ့ရတဲ့ သားအမိတွေ ကျနေတဲ့အတိုင်းပဲ
Singto မျက်မှောင်ကြုတ်ရင်း ကြည့်နေသည်ကို off သည်လည်း မြင်ပါသည်
သူလည်း gun ကို မနိုင်လို့ လွှတ်ထားရတဲ့လူပဲမလား..
"Baby ရယ် krist က နေသိပ်မကောင်းသေးဘူးလေ ဘေးက ထိုင်ခုံမှာပဲ ထိုင်ပါလား"
"အဟွတ်ဟွတ်.."
"Kit ဘာဖြစ်လို့လည်း ကို ဘာလုပ်ပေးရမလည်း"