Krist လည်း ထိုသူနဲ့ အပြန်လှန် ရန်ဖြစ်ပြီး ထိုနေရာမှာတင်ပဲ ကျောက်ရုပ်တစ်ရုက်လို ရပ်နေခဲ့ပြီး ကျန်ခဲ့သည် ရင်ထဲမှာလည်း ခံပြင်းစိတ်တွေက ပြောပြလို့ မရတဲ့အထိ ထိုစကားမျိုး သူခနခန ကြားခဲ့ရပြီး ကြားတိုင်း ဒေါသထွက်ခဲ့ရပေမယ့် ယခုလောက်ထိ မဆိုးဝါးခြေ ကြားရတိုင်း မိမိဘက်က ဘာမှပြန်မပြောဘဲ သည်းခံခဲ့ရတာ အကြိမ်ပေါင်းမနည်းခဲ့ ထိုသူရှေ့ ဘာ့ကြောင့် မိမိခံစားရတဲ့ ခံစားချက်တွေကို မမြိုသိပ်နိုင်မှန်း မသိခဲ့ krist မိမိအတွေးတို့ကိုရပ်လိုက်ပြီး သူဌေးရှိရာသို့ ခပ်သွက်သွက်လေး ပြန်သွားလိုက်သည် သူဌေးဖြစ်သူ စောင့်ပြီးရင်းစောင့်နေရင် သူ့အပေါ် အမြင်မကြည်တော့မှာလည်း စိုးရိမ်ရတယ်လေ
Krist သူဌေးရုံးခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သည် အထဲမှ " ဝင်ခဲ့ပါ"ဆိုတဲ့ အသံလည်း krist ကြားတော့ စိုးရိမ်စိတ်က ငယ်ထိပ်ထိ သူဌေးသူ့ကို စောင့်နေရပြန်ပြီမဟုတ်လား
"Nong ဒီဘက်မှာလာလိုင်"
"ဟုတ်ကဲ့ သူဌေး"
"ကို စောင့်ရတာ နှစ်ကြိမ်ရှိပြီနော် "
Join ပြောလိုက်တော့ ထိုကောင်လေးမျက်နှာက ချက်ချင်းကို ညှိုးငယ်သွားသည် join က သဘောရိုးနဲ့ပြောပေမဲ့ ထိုကောင်လေး ဘယ်လိုထင်သွားလည်းမသိ
ဒီကောင်လေး တော်တော်အားငယ်တတ်တာပဲ
"ကိုဘာပြောမိလို့ မျက်နှာငယ်သွားရတာလည်း ခလေးရယ် " join စိတ်ထဲတွင်သာ ရေရွက်မိတော့သည်"ကျွန်တော်ကို သူဌေး နောက်တစ်ကြိမ် မစောင့်စေရပါဘူး ကျွန်တော် တောင်းပန်ပါတယ်"
"ဟော် Nong ရယ် ကိုပြောတာ အလုပ်ထုတ်မယ် မပါပါဘူး"
"ဟင်"
"Nong ကို ကိုမေးဦးမယ် "
"ဟုတ်ကဲ့ သူဌေး မေးပါ"
"Nong က ကျောင်းတက်သေးလား"
"ဟိုဟာလေ "