Part 13

1.4K 72 1
                                    

Krist နှင့်​ ပက်​သက်​သည့်​ အ​ကြောင်းရာများကို မသိ​ပေမယ့်​လည်း singto စိတ်​ထဲ သူ့အ​ပေါ် နားလည်​သလိုလိုရှိသည်
ထို​ကောင်​​လေးသည်​ အလုပ်​ကို သာမာန်​ထက်​ပိုပြီး ကြိုးစားသည်​ သူ့အ​တွေး​ခေါ်များလည်း ​ကောင်းမွန်​သည်
တစ်​ခါတစ်​ခါဆို singto က​တောင်​ သူ့စကား ပြန်​နား​ထောင်​ရသည့်​ အဖြစ်​မျိုး ကြုံဖူးလည်း ကြုံဖူးသည်
ဒီ​နေ့ အလုပ်​နားရန်​ krist ကို​ပြောလိုက်​​တော့ သူထင်​သလို အိမ်​ပြန်​နားသည်​မဟုတ်​ သူ့​ဘေးတွင်​ ​နေပြီး အလုပ်​ဆက်​လုပ်​​နေသည်
အလုပ်​ထဲ အာရုံစိုက်​ချိန်​တွင်​ krist မျက်​ခုံးများက အလွန်​ပင်​ ကြည့်​၍​ကောင်းလွန်းလှသည်
အရမ်းပင်​ပန်းလို့ထင်​တယ်​ ခနခန ဟားသန်းတာကို singto မြင်​ရ​တော့ ဘယ်​ရယ်​​ကြောင့်​မှမဟုတ်​ပါဘဲ ဂရုဏာသက်​မိခြင်း အ​ကြောင်းရင်းမရှိ ဖြစ်​​ပေါ်မိသည်
သူလည်း krist နှင့်​ထပ်​တူ ပင်​ပန်းသည်​မဟုတ်​လား ဒါ​တောင်​ မိမိကိုယ်​ကိုယ်​ မသနားဘဲ ထို​ကောင်​​လေးကို ​ကျော်​ပြီး သနားမိတဲ့ ကိုယ့်​စိတ်​ကိုယ်​ ဟားတိုက်​ ရယ်​ချင်​မိသည်​က မဆုံးနိုင်​ပင်

Singto krist ကို ဆက်​မကြည့်​​တော့ဘဲ လုပ်​စရာရှိသည်​ကို ဆက်​လုပ်​​နေလိုက်​သည်
Singto အလုပ်​လုပ်​လျှင်​ ဘယ်​သူ့ကိုမှ မမြင်​​တော့ အချိန်​အတိုင်းတာလည်း သတိမထားမိဘဲ အလုပ်​ပြီးသည်​ထိ ဆက်​လုပ်​တတ်​သည့်​ အကျင့်​​ကြောင့်​ singto အလုပ်​မှလွဲပီး ဘာကိုမှ မမြင်​ပါ
ရုတ်​တရက်​ singto ​ရှေ့သို့ ခပ်​သင်းသင်း ​ကော်​ဖီရနံ့တစ်​ခုသည်​ နှာ​ခေါင်းဝသို့ ပြန့်​လွင့်​လာချိန်​မှ singto အသိစိတ်​က ပြင်​ပ​လောကနှင့်​ ပြန်​အဆက်​သွယ်​မိသည်

သူ့​ရှေ့တွင်​ ခပ်​ကုတ်​ကုတ်​နှင့်​ krist သည်​ ​ကော်​ဖီခွက်​ ချပြီးသည်​နှင့်​ ကိုယ့်​အလုပ်​ခုံရှိရာသို့ ပြန်​လည်​ထွက်​ခွာသွားသည်
ဘာဆို ဘာမှမ​ပြောဘဲ ဒီတိုင်းသာ ​ကော်​ဖီခွက်​ လာချ​ပေးသွားသည့်​ krist ကို singto " ​ကျေးဇူးတင်​ပါတယ်​" လို့ တစ်​ခွန်းမ​ပြောဖြစ်
Krist လာချ​ပေးသွားသည့်​ ​ကော်​ဖီခွက်​ကိုသာ ယူပြီး တစ်​ငုံ​သောက်​လိုက်​သည်
Singto ပုံမှန်​ဆို ​ကော်​ဖီ မ​သောက်​တတ်​ပါ
ကော်​ဖီလည်း သူမကြိုက်​ သို့​သော်​ singto အိပ်​ချင်​​ပြေ​စေရန်​သာ တစ်​ငုံယူ​သောက်​လိုက်​သည်
နောက်​ပြီး သူ​ကော်​ဖီကို ကုန်​​အောင်​​သောက်​မှဖြစ်​မည်​ မဟုတ်​လျှင်​ ထိုက​လေးရဲ့ "အစားစာ ပျဉ်းတီးမှု definition " ကို သူဆက်​မကြားချင်​သည်​လည်းပါသည်
Krist သူ့အ​ပေါ် အလုပ်​မှလွဲ၍ စကား​ပြောသည့်​အချိန်​သည်​ အစား​သောက်​ ​ချွေတာဖို့ပင်​   ဖြစ်​​သော​ကြောင့်​ singto ဘာရယ်​မဟုတ်​ krist လာချ​ပေးသည့်​ ​ကော်​ဖီ​ကို​တော့ သူကုန်​​အောင်​​သောက်​ရန်​ ဆုံးဖြတ်​ထားသည်

အချစ်​ဆု​တောင်း......(completed)Donde viven las historias. Descúbrelo ahora