ညဥ့်နက်နေချိန်တွင် လမ်းမထက်ဠ် ပုံမှန်ထက်ပိုသော ကားအရှိန်နှုန်းဖြင့် ဖြတ်မောင်းသွားသော ကားတစ်စီးကို ဘယ်သူမှ မမြင်ကြချေ
Join တစ်ယောက် krist ရှိရာ မိမိအိမ်လေးသို့ မောင်းနှင်လာခဲ့လေပြီ
အိမ်ရှေ့ ခြံတံခါးသည် သူလာစအတိုင်း ဖွင့်လျက်သားပင်မို့ တစ်ခါတည်း ခြံထဲ မောင်းချလာခဲ့သည်
အကြောင်းကိစ္စထက် krist ကို စိတ်ပူမှုက ပိုနေသဖြင့် krist ရှိမည်ထင်သည့် အပေါ်ထပ်ရှိ မိမိအိပ်ခန်းသို့သာ အလျင်မြန် ပြေးတက်လာခဲ့သည်
Join အထင်တွင် ဒီချိန် krist အိပ်ပျော်နေမည်ဟု ထင်ပါသော်လည်း အထင်နဲ့အမြင် တလွဲစီပင်
အခန်းထောင့် တစ်နေရာကနေ ဒူးနှစ်ဖက်ပိုက်ရင်း ကြောက်လန့်နေသည့် krist ကို မြင်ရတော့ သနားစိတ်က တဖွားဖွားပင်
"ကလေး.. အိပ်ယာထဲ ဝင်အိပ်လေ ဒီလိုနေရင် ညောင်းနေလိမ့်မယ်"
"P အခြေအနေ ဘယ်လိုလဲဟင် ရဲတွေ လာသွားပြီလား ကျွန်တော့်ကိုရော မြင်သွားလား P ကိုရော ဘာတွေ မေးလိုက်သေးလည်း ကျွန်တော် ရင်ခုန်လိုက်တာ P ရယ် ပြောပြပါလား
ကျွန်တော် အခု အဖမ်းမခံနိုင်သေးဘူး
ပတ်ဝန်းကျင်မှာ ကျွန်တော့် နာမည်ဆိုးကြီး ကျန်ခဲ့မှာကြောက်တယ်
ဘာလုပ်ရမလည်း P ရယ်.ကျွန်တော့်ကို ကယ်ပါဦး
ကျွန်တော်.""ကလေး တော်ပြီ မကြောက်နဲ့တော့ ကို တစ်ယောက်လုံးရှိတယ် ကလေးကို ဘယ်သူမှ မထိစေရဘူး ကို့ကိုပဲ ယုံ."
"ဒါပေမဲ့ ကျွန်တော်"
"ဒီမှာကလေး ကို့ မျက်လုံးကို ကြည့်စမ်း ကို ကလေးကို မကာကွယ်နိုင်ဘူး ထင်နေလား
အခုချိန်ကစပြီး ကလေး ကိုပြောတဲ့ အတိုင်းသာ နေ
ကလေးဘာမှမဖြစ်စေရဘူး ကိုအာမခံတယ်
ဒါပေမဲ့ ကို့စကားကို ကလေး နားမထောင်ရင်တော့ ကျန်တဲ့အပိုင်း တာဝန် မယူနိုင်ဘူးနော်
ကိုပြောတဲ့အတိုင်း လုပ်မယ်မလား"