သူငယ်ချင်း ဖြစ်သူ singto ကို မကျေနပ်သော်လည်း သူ အားငယ်ချိန် ဖြစ်သဖြင့် အရင်လို သိပ်မပြောတော့ဘဲ သူခိုင်းသည့် အတိုင်းသာ krist ကို သွားတွေ့ရန် Gun စီသို့သာ သူ ဆက်သွယ်လိုက်တော့သည်
ထို့နောက် Message မှ singto သည် သူလက်ရှိ နေထိုင်နေသည့် တိုက်ခန်းလိပ်စာကိုပါ တစ်ပါတည်း ပို့လေသည်"ကျစ်.. တအား ဇယားရှုပ်တာပဲ"
မကျေနပ်သည်ကို အားပါးတရ ပြောဆိုရင်းဖြင့် တစ်ဖက်မှ ဖုန်းဖြေမည့်အချိန်ကို စိတ်ပျက်လက်ပျက် စောင့်နေသည်
အတန်ကြာမှသာ ဟိုဘက်က အသံကို off ကြားရသည်
"ဘာကိစ္စလည်း ပြော"
စလာကတည်းက အချိုးမပြေတဲ့ ပေါက်စကို အနားခေါ်ထားပြီး စ်တ်ရှိလက်ရှိ ခေါင်းခေါက်ပစ်ချင်စိတ်က အလိပ်လိပ်ပင်
"မင်း.သူငယ်ချင်းစီကို သွားလိုက်ဦး ငါအတွက်တော့ ဒီကိစ္စက အရေးမကြီးပေမဲ့ ဟိုကောင်က သေမလိုဖြစ်နေလို့ မင်း သွားကြည့်ပေးလိုက်ဦး လိပ်စာအသစ်ကို ငါပို့ပေးမယ်"Off ချက်ချင်းပင် ဖုန်းချလိုက်လေသည်
ဟိုဘက်မှ ပြန်ပြောမည့် စကားကို ဆက်နားထောင်ရန် သူ စိတ်မရှည်ပါOff စိတ်မရှည်သလို တစ်ဖက်မှ Gunသည်လည်း ဒေါသ အလိပ်လိုက်ပင်
"ခင်ဗျားကြီး သောက်ချိုးပြင်သင့်နေပြီ"
Gun ပြောမယ့်သာ ပြောရတာ off ခိုင်းသည်ကိုတော့ မလိုက်နာပဲ မနေပါ
message နှင့် တပါတည်း ရလာသည့် လိပ်စာသစ်အတိုင်း ရမ်းသမ်းပြီး krist ရှိရာသို့သာ ခရီးဆက်ဖို့ပြင်လေသည်
"Mae ရေ သား အပြင်ခန သွားလိုက်ဦးမယ်"
"ဘယ်ကို သွားဦးမလို့လည်း Ai'gun နင်နော် လမ်းသလားနေတာ တော်တော် များနေပြီ"
"Mae ကလည်း သား ခနနေ ပြန်လာမှာပါ မကြာဘူး.စိတ်ချ"
"နင့်စကား နင်တည်နော် Gun မဟုတ်ရင် နောက်မှ ငါ့အဆိုး မဆိုနဲ့"