Part 25

1.2K 62 8
                                    

Krist တစ်​​ယောက်​ singto ဖြစ်​​ပေါ်​နေသည့်​ ယခုလို ပုံစံမျိုးကို သူစိတ်​တိုင်းမကျ​ချေ
"Pရယ်​ မျက်​နှာတစ်​ခုလုံး ​ယောင်​ရမ်း​နေတာပဲ.ဘယ်​လို​တွေ ဖြစ်​လာတာလည်း"
Krist စိတ်​ထဲတွင်​သာ စိုးရိမ်​တကြီး ​မေးယူ​နေ​သော်​လည်း အပြင်​ပန်းတွင်​​တော့ ခပ်​​အေး​အေးသာ ပြုမူသည်

သူ့စိတ်​ထဲ မိမိ အပြုမူ​ကြောင့်​ singto သူ့ကိုယ်​သူ အားနည်းသူလို့ သူ မမှတ်​ယူ​စေချင်​ပါ
အခု​တော့ ခံစားချက်​​တွေကို ရင်​ထဲမှာပဲ သိမ်းထားလိုက်​တယ်
သူယုံတာ​ပေါ့ သူ​လေးစားရတဲ့ ချစ်​ရသူက ဘယ်​လို အခက်​ခဲ​တွေပြဲကုံကြုံ ကြိုးစားရပ်​တည်​နိုင်​မယ်​ဆိုတာ
.

"​ဆေးထည့်​လို့ ပြီးပြီ
ဒီမှာ အကိုက်​ခဲ​ပျောက်​​ဆေးလည်း ​သောက်​လိုက်​ဦး
ကျွန်​​တော်​ စားပွဲ​ပေါ်မှ ထားခဲ့တယ်​ "

Krist ထို​နေရာမှ ထရန်​ပြုသည်
Singto ထံမှ ထွက်​ခွာရန်​ ​ခြေလှမ်းတို့.ပြင်​ဆင်​ချိန်​ အ​နောက်​မှ singto သည်​ သူ့လက်​ကို ဖမ်းဆုပ်​လာသည်
ထို့​နောက်​ ထရပ်​လိုက်​ပြီး.သူ့ကို အ​နောက်​မှ သိုင်းဖက်​လာ​သော​ကြောင့်​ krist မည်​သို့မျှ မတုန့်​ပြန်​ပဲ ငြိမ်​ငြိမ်​​လေးသာ ​နေ​ပေး​နေသည်

အခုချိန်​ singto အ​ပေါ် သူနှစ်​သိမ့်​​ပေးဖို့်​ အချိန်​​ရောက်​လာပြီ​လေ
အ​နောက်​ဖက်​ ဖက်​တွယ်​ထား​သော လက်​တစ်​စုံကို ဆုပ်​ကိုင်​လိုက်​ပြီး အ​နောက်​ဘက်​သို့ လှည့်​ရန်​ ပြင်​ဆင်​​နေ​သော်​လည်း singto ဘက်​မှ
"ဒီအတိုင်း​လေးပဲ ခန​လောက်​ ​နေ​ပေး"
ဟု ဆို​သော​ကြောင့်​ လက်​ကိုသာ အသာယာ ဆုပ်​ကိုင်​လိုက်​ပြီး အသာငြိမ်​​နေလိုက်​သည်

"ခင်​ဗျား ရင်​ဖွင့်​ချင်​တာရှိရင်​ ကျွန်​​တော်​ တစ်​​ယောက်​လုံးရှိတယ်​​နော်​"

Krist စကား မဆုံးလိုက်​ခင်​ krist ပခုံး​ပေါ်မှ ဖြတ်​​ပြေးသွားသည့်​ မျက်​ရည်​စက်​တစ်​ခု

"သူ ငို​နေတာလား"

ထို့​နောက်​ krist ကို singto သူ့ဘက်​သို့ ညင်​ညင်​သာသာ လှည့်​ယူလိုက်သည်

အချစ်​ဆု​တောင်း......(completed)حيث تعيش القصص. اكتشف الآن