ရောင်စုံ ပူဖောင်းများနှင့် မီးအလှလေးများက ညရဲ့ အလှကို ပေါ်လွင်စေသည်
အစီအရီ ချထားသည့် နှင်းဆီဖတ် အနီရောင်လေးများက မြက်ခင်းစိမ်းနှင့် အပြိုင် လှသွေးကြွယ်နေသည်မို့ krist ကြည့်မဝပင်ထိုချိန် မိမိရှေ့ တစ်မျိုးမဟုတ် တစ်မျိုး မရိုးနိုင်အောင် လုပ်ပြနေသည့် singto
အခု သူ့လက်ထဲသို့ စာအုပ်လေး နှစ်အုပ် ယူဆောင်လာပေးပြန်သည်ဒိုင်ယာရီ စာအုပ် လှလှလေးကြောင့် krist သတိလက်လွတ် ဖြစ်သွားရသည်
စာအုပ်လေးက ပုံစံတူ နှစ်အုပ်လေး
သပ်ရပ်လွန်းတယ် လှပလွန်းတယ် အကြင်နာသူ ပေးသည့် လက်များကလည်း နူးညံလွန်းတယ်"P ဒါ ဘာအတွက်လည်း"
Krist အမေးကို singto ချက်ချင်းပင် ပြန်လည် ဖြေဆိုသည်
ကို ပြောလိုက်ရင် အရမ်း.စိတ်ကူးယဉ်ဆန်တယ်လို့ kit ထင်သွားမလား"ဒီဒိုင်ယာရီ လေးက ကိုတို့နှစ်ယောက်ရဲ့ ကျန်တဲ့ ဘဝတွေကို သက်သေ လုပ်ပေးရအောင်
ကို အခုချိန် kit ကိုယ့်အပေါ် ကြွေဆင်းလာအောင် မပြောနိုင်ဘူး
ဒါပေမဲ့ ကိုယ်ခံစားချက်တွေကိုတော့ ဒီဒိုင်ယာရီလေးနဲ့အတူ kit ကို ပြောပြသွားမယ်
ကိုယ် အခုပြောတာ နားလည်တယ်မလား"မျက်ဝန်းအိမ်မှ ချစ်စိတ်အပြည့် ဆိုနေသည့် singto သည် မိမိကို ချစ်တယ် ဆိုတာ ယုံကြည်ရမှာလား
Singto မျက်လုံးများ ကြည့်မိချိန် krist ညှို့ယူခံနေရသလို ဘာဆိုဘာမှ ပြောလို့မရ
ဒီနေရာမှာပဲ အသက်မပါသလို ရပ်နေသည့် လူတစ်ယောက်နဲ့မခြား"P ဒါ အိပ်မက်တော့ မဟုတ်ပါဘူးနော်"
Singto krist ထံမှ အူကြောင်ကြောင် စကားလေး ကြားရတော့ အားမလို အားမရ နှာခေါင်းလေးအား ဖွဖွလေး ဆွဲညစ်လိုက်မိသည်
"ဒါ အိပ်မက် မဟုတ်ဘူး အရူးလေးရဲ့
Kit ကို့ကို ချစ်တယ်လို့ အခုထိ မပြောရသေးဘူးနော်
အခုပြော ကိုယ့်ကို ချစ်တယ်မလား"