Part 5

1.8K 98 0
                                    

Krist အိမ်​အပြန်​လမ်းမှာ ​ခြေလှမ်း​တွေ ​ပေါ့ပါး​နေသည်​ သူ့အတွက်​ ​နေစရာ​နေရာကို လခမ​ပေးဘဲ သူရလိုက်​သည်​​လေ ကံကြမ္မာဆိုတာ ဒါမျိုးလား ကိုအရမ်း ​မျှော်​လင့်​ထားချိန်​ ဘယ်​အရာမှ မရခဲ့ရဘူး တခါတ​လေ ကို့ကြိုးစားမှုကို တစုံတ​ယောက်​ အ​လေး​ထား တုန့်​ပြန်​မှု လိုချင်​ခဲ့​​ပေမယ့်​ ကိုယ်​​မျှော်​လင့်​တိုင်း ဖြစ်​မလာ မ​မျှော်​လင့်​ထားတဲ့ အချိန်​ကျမှသာ ရုတ်​တရက်​ အ​လေးထား ဆက်​ဆံမှု​တွေ ခံရသည်​ သူ့ရဲ့ အရင်​​နေထိုင်​ခဲ့ရတဲ့ ဘဝပုံစံကို သူပြန်​မ​တွေးချင်​ ပြန်​​တွေးလိုက်​တိုင်းလည်း အိပ်​မက်​ဆိုးတစ်​ခုလို အမြဲ​ကြောက်​လန့်​​နေရသည်​ သူ့ဘဝအ​ကြောင်း​တွေးရင်​ သူလုပ်​ရမှာ တစ်​ခုပင်​ "သူ့အတွက် အမှန်​တရားကို ရှာ​ဖွေရမည်​ " သူဒါပဲ ​တွေး​တော့သည်​ သူ့ကို ရွံမုန်းသလို မျက်​လုံးမျိုးနဲ့ ကြည့်​တဲ့ သူ့​ဆွေမျိုး​တွေကို အခုချိန်​ထိ ရင်​မဆိုင်​ရဲ အပြင်​ပန်းမှာသာ မာ​ကျော​နေပင်​မဲ့ ရင်​ထဲမှာ​တော့ ​ပြောမပြတတ်​တဲ့ ခံစားချက်​​ပေါင်းများစွာ အထီးကျန်​ခြင်း နာကျင်​ခြင်း​တွေ က ရင်​ဘတ်​တစ်​ခုလုံး စုတ်​ပြတ်​သတ်​ မသွားရုံတမယ်​ krist ​လေပူတစ်​ချက်​ မှုတ်​ထုတ်​လိုက်​ပြီး ရုတ်​တရက်​ သူ့ဘဝ အဆင်​​ပြေ​အောင်​ လုပ်​​ပေးခဲ့တဲ့ p'join ကို သူ့ရင်​ထဲက​နေ နှစ်​နှစ်​ကာကာကို သူ​ကျေးဇူးတင်​မိသည်​ p'join သူ့ကိုကြည့်​တဲ့ အကြည့်​​တွေက တဏှာရမ္မက်​ မပါ​သော်​လည်း မြတ်​နိုးလွန်းသည်​ တန်​ဖိုးထားလွန်းသည်​ ဟူ​သော မျက်​လုံးမျိုး krist စိတ်​ထဲမှာ ကြိတ်​ပြီးဆု​တောင်းမိသည်

"P'join သူ့ကို တကယ်​မချစ်​မိပါ​စေနဲ့"   ဟူ၍သာ

"Ai'krist"

Krist အ​နောက်​ကို လှည့်​ကြည့်​မိ​တော့ အ​ဒေါ်ကြီး ဘယ်​ကပြန်​လာမှန်းမသိ ညကြီးမိုးချုပ်​ကို

"အ​ဒေါ် ဘယ်​ကပြန်​လာတာလည်း ညဘက်​ကြီး အပြင်​ကို တစ်​​ယောက်​တည်း မထွက်​ပါနဲ့ အခု​ခေတ်​က ​ကော င်းတာမဟုတ်​ဘူး"

"အမယ်​ ...ငါ့ကိုသာ​ပြော​နေတာ နင်​ကျ​တော့ဘာထူးလည်း လမ်း​လျှောက်​​နေတာကိုက မနက်​ဖြန်​ပဲ ​သေ​တော့မယ့်​လူလိုလို ငါ့အိမ်​လခ သတ်​မှတ်​ရက်​ မပြည့်​ခင်​ ​​ပေးနိုင်​​အောင်​လုပ်​ထား မဟုတ်​ရင်​ ငါအိမ်​​ပေါ်က ဆွဲချမှ အဆိုးမဆိုနဲ့"

အချစ်​ဆု​တောင်း......(completed)Donde viven las historias. Descúbrelo ahora