ယာဉ်ကြော သာမာန်ထက် ပိတ်နေသောကြောင့် ကားအတွင်း တစ်နေရာရှိ krist နှင့် singto တို့ စိတ်ရှည်ခြင်း အလျဉ်းမရှိတော့
စိတ်မရှည်ခြင်းများစွာ ဖြစ်ပေါ်နေသောကြောင့် နှစ်ဦးကြား စကားစမြည် မပြောဖြစ်ကြသောကြောင့် တိတ်ဆိတ်ခြင်းက လွှမ်းမိုးနေသည်
ရုတ်တရက် singto ရဲ့ ဖုန်း ringtone သံလေးမှာ ရုတ်တရက် ထွက်ပြောလာလေပြီ
"Offငါ အရေးကြီး ကိစ္စရှိလို့ ပြောစရာရှိရင် နောက်မှပြောကွာ"
"ငါ ပြောမှာ မင်းထက် ပိုအရေးကြီးတယ် မင်းခနလောက်နားထောင်ကွာ......"
Off မိမိကြုံတွေ့ရသမျှ ပြန်ပြောနေသလို ဘေးနားရှိ Gun မှာလည်း တစ်စတစ်စ ဝင်ပြောနေသဖြင့် off လှမ်းဟောက်ရသေးသည်
"အရေးကြီးတဲ့ အကြောင်းအရာတွေ မေ့ကျန်မှာစိုးလို့ ပြောတာပါဗျာ"
ဒီလိုပြောတော့လည်း off ဘာမှ ဆက်မပြောတော့ပေ
Singto ကိုသာ မြန်မြန်ပြန်လာဖို့ရာ အတန်တန်မှာရင်းနှင့်ပင် ဖုန်းပြောခြင်းကို ပြီးဆုံးစေခဲ့သည်"ပေါက်စ မင်းအရမ်း လျှာရှည်တယ်"
"ကျွန်တော် ပေါက်စ မဟုတ်ဘူး ကျွန်တော့်နာမည် gun ..gun"
မျက်မှန် အဝိုင်းကြီးကို ပင့်ရင်း အော်ပြောနေသည့် Gun ကို off စိတ်လေတယ်ဆိုတဲ့ ဒီဇိုင်းမျိုးဖြင့် ခေါင်းတစ်ချက်ရမ်းရင်း singto အလာကို ထိုင်စောင့်နေရသည်
"ဒါနဲ့ krist က singto နဲ့ အတူတူ ရှိနေတာလား"
"အေးလေ ဘာဖြစ်လို့လည်း သူတို့နှစ်ယောက်က အမြဲတမ်း အတူတူပဲ သွားလာနေကျတာ"
"သူတို့ နှစ်ယောက်က ရည်းစားတွေလား"
"Singto မှာ ရည်းစားရှိတယ် အရမ်းချောပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ ရည်းစားရှိတယ်"
Pine အကြောင်း ပြောနေချိန် Off မျက်ဝန်းများက အရောင်တလဲ့လဲ့ဖြင့် ချိုသာစွာဆိုသည်