Part 21

1.3K 74 1
                                    

အချိန်​အားဖြင့်​ ညဉ့်​နက်​​နေသည်​ မဟုတ်​ပါ​သော​ကြောင့်​ အိပ်​ယာ​ပေါ် လှဲအိပ်​​နေသည့်​ krist တစ်​​ယောက်​ အိပ်​မ​ပျော်​​သေးပင်
နေ့လယ်​စာကို သူစားရ​သော်​လည်း ညစာ မစားရ​သေး​တော့ ဗိုက်​က တဂွီဂွီနှင့်​ သူ့ကို နှိပ်​စက်​​နေသည်

"ကျစ်​ အ​ရေးထဲဆို ဗိုက်​က စာပြန်​ပြီ"

Krist တစ်​​ယောက်​ အိပ်​ယာ​ပေါ်မှ ထိုင်​လိုက်​ကာ အသံမြည်​​နေသည့်​ ဗိုက်​ကို ပွတ်​သပ်​​နေလိုက်​ပြီး ကျိန်​ဆဲ​နေသည်
ဒီချိန်​ကျမှ စားရ​သောက်​ရမှာ​လောက်​ သူပျင်းသည့်​အရာ မရှိ​ပေ အခုလည်း သူ့ဗိုက်​သူ မထိန်းချုပ်​နိုင်​​တော့ ​ထမင်းစားခန်းထဲသွားပြီး ဟိုရှာ ဒီရှာနဲ့ လုပ်​ရဦီးမယ်

Singto ဆိုသူနှင့်​ အခုချိန်​ သူမ​တွေ့ချင်​​သေး
Krist ကျစ်​တစ်​ချပ်​ စုတ်​သပ်​လိုက်​ပြီး အိပ်​ခန်းမှ ထွက်​ကာ ထမင်းစားခန်းစီ ဦးတည်​​သွားလိုက်​သည်

သူ ထမင်းစားခန်းမ​ရောက်​မီ ဧည့်​ခန်းတစ်​​နေရာရှိ ဆိုဖာ​ပေါ်တွင်​ မချိမဆန့်​ အိပ်​​ပျော်​​နေသည့်​ singto ကို မြင်​ရ​တော့ စိတ်​ထဲမှ သနားစိတ်​က အလိုလို ဝင်​လာသည်
"ဒီလူနဲ့​တော့ ​သေချင်​တယ်​"

သူ့ကို ဒီ​နေ့ တစ်​​နေကုန်​ အရူးလုပ်​​နေသည့်​ singto ကို မှတ်​​လောက်​သား​လောက်​ ပစ်​ထားပစ်​လိုက်​ချင်​​သော်​လည်း မိမိချစ်​ရသူ ဖြစ်​​နေ​တော့လည်း ပစ်​မထားရက်

Krist တစ်​​ယောက်​ singto နား သွားလိုက်​ပြီး ​လျောကျ​နေသည့်​ ​စောင်​အပါး​လေးကို ရင်​ဖက်​ထိ​ရောက်​​အောင်​ ဆွဲခြုံ​ပေးလိုက်​ပြီး ​ခေါင်းကိုလည်း အိပ်​ရ သက်​သာ​အောင်​ သူ့လက်​နှင့်​ အသာယာ​လေးမကာ ​နေရာ​ရွှေ့​ပေး​နေသည်
Singto မျက်​နှာနှင့်​ သူ့မျက်​နှာ နီးကပ်​သွားသည့်​ အချိန်​တွင်​ krist ရင်​ခုန်​သံ​တွေ ကျယ်​လာရပြန်​သည်

ထိုအချိန်​ သူ့နှလုံးခုန်​သံက အပြင်​လူ ကြားရ​လောက်​​အောင်​ ကျယ်​​လောင်​​နေ​သော​ကြောင့်​ krist မနည်းပင်​ ထိန်းချုပ်​ထားရသည်

အချစ်​ဆု​တောင်း......(completed)Where stories live. Discover now