Singto အခုချိန် သူ့စိတ်သူ နားလည်နေပြီ
နောင်တဆိုတဲ့ တရားနဲ့ သူ နောင်တစ်ချိန် ရင်ဆိုင်နိုင်စွမ်း မရှိသည့်အတွက် သူပျော်ရာ သူလုပ်မယ်လို့သာ တွေးထားသည်ဒီပြသနာ မတိုင်ခင် သူ့စိတ်က krist စီ အနညိးငယ် တိမ်းဆောင်းနေမယ်ဆိုတာ သူသာလျှင် အသိဆုံးပါ
သို့သော်လည်း ယောက်ျားတစ်ယောက် ဖြစ်နေတယ်ဆိုသည့် အတွေးအပြင် မိမိကာကွယ်ပေးရမည့် အဖြူစင်ဆုံး လူသားတစ်ယောက်လို့ သတ်မှတ်ထားသဖြင့် အရောင်မဆိုးချင်ခဲ့သောကြောင့် ကိုယ့်ခံစားချက်ကို လျစ်လျူရှုထားခဲ့မိသည်အခု သူတွေးထားတာ တစ်ခုရှိတယ်
Krist က အဖြူစင်ဆုံး အဖြူထည်လေးဆိုရင်တောင် သူမတွေဝေတော့ဘူး
သူ့ဘက်ကလည်း အဖြူစင်ဆုံး ချစ်ခြင်းတွေနဲ့ ချစ်ပေးတော့မှာမို့ပါKit မင်း အရမ်း ကံကောင်းတယ်
Singto ဆိုသည်မှာ ကိုယ်ချစ်မိတဲ့ ဘယ်အရာကိုမဆို အမြဲတန်ဖိုးထားတတ်သလို သာမာန်ထက် ပိုချစ်ပေးတတ်သည့် အကျင့်က krist ကို ကံကောင်းစေတာများလား
ဒီနေ့ သူ Mizz နှင့်တွေ့ရမယ် သူနဲ့ သူမကြား အရှင်းဆုံး ဆက်ဆံရေးဖြစ်အောင် အရင်လုပ်ရမယ်လေ
Singto လက်ကဖုန်းမှ ချစ် ဆိုသည့် contact name ကို နှိပ်ပြီး mizz နှင့်တွေ့ရန် ချိန်းဆိုသည်လေ
ဖုန်းပြောပြီးသည်နှင့်အတူ စိတ်ထဲရှင်းစေရန် contact name ပါ တပါတည်း ဖယ်ရှားလိုက်သည်
ငါလုပ်တာ မလွန်ဘူး အရာရာ ရှင်းရှင်းလင်းလင်းဖြစ်အောင် အစကတည်းက ပြင့ဆင်ထားတာ
________
ဆိုင် အတွင်းဘက် တစ်နေရာမှာ Mizz တစ်ယောက် singto ကို ထိုင်စောင့်နေခဲ့သည်
Singto ချိန်းဆိုသည့် အချိန်မှစ၍ လူလည်း.စိတ်နဲ့ကိုယ် မကပ်နိုင်တော့
အချိန်တိုလေးအတွင်း မိတ်ကပ် ခပ်ပါးပါးလေးသာ ပြင်ဆင်ရသောကြောင့် လူကလည်း မှန်းတကြည့်ကြည့်နှင့်ပင်