Krist အင်တာဗျူး ဖြေပြီးသည်နှင့် ကော်ဖီဆိုင်သို့သာ တက္ကစီစီးပြီး ပြန်လာခဲ့သည် p'join ကိုလည်း သူဒုက္ခမပေးချင် သူအလုပ်ရတာကို p'join ကို နောက်မှပဲ ဖုန်းဆက်ပြောတော့မည်
Krist ကော်ဖီဆိုင်ရောက်တော့ သူ့အိပ်ခန်းရှိရာသို့ ဝင်လိုက်ပြီ အိပ်ယာပေါ် ပစ်လှဲကာ ခနနားလိုက်သည် မနက်ဖြန် သူဘယ်လိုတွေ ကြုံတွေ့ရမည်း သူမသိပင်
ထိုအချိန် krist စီမှ အမည်မသိ ဖုန်းနံပါတ်တစ်ခု ဆက်လာသည် krist လည်း ဖုန်းနံပါတ်ကြည့်ပြီး ဘယ်သူဘယ်ဝါမှန်းသူမသိ
"ဟဲလို "
"Krist "
ဖုန်းထဲက ငိုသံပါပါနဲ့ သူ့နာမည်ကို ခေါ်လိုက်တော့ krist လန့်သွားသည် ဘယ်သူက သူ့ကို ငိုယိုပြီး ဖုန်းဆက်နေမှန်း သူစဉ်းစားမရ
"ဘယ်သူလည်းမသိဘူး ခင်ဗျ"
"ဗြဲ ... မင်း ငါ့ကိုတောင် မမှတ်မိဘူးလား
ငါ့ဖုန်းနံပါတ်တောင် မင်းမသိဘူးလား"ထိုလူပြောမှ krist ဖုန်းနံပါတ်ကို သေချာပြန်ကြည့်မိတော့မှ Gun မှန်း သူသိတော့သည်
"Gun ... sry ကွာ ငါရုတ်တရက်မို့ မမှတ်မိဘူး ဖြစ်သွားတယ် ဘာကိစ္စလည်း"
"ငါ မင်းကော်ဖီဆိုင်ရှေ့မှာ တံခါးလာဖွင့်ပေးဦး"
"မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"
"တံခါး မြန်မြန်ဖွင့်ပေးကွာ ငါရင်ဖွင့်စရာရှိတယ် "
"အေးပါကွာ ငါလာပြီ"
Krist အိပ်ယာပေါ်မှ ခပ်မြန်မြန် ဆင်းလိုက်ပြီး ကော်ဖီဆိုင် တံခါးကို ဖွင့်လိုက်တော့ မျက်မှန်အဝိုင်းကြီးနဲ့ Gun တစ်ယောက် ငူငူငိုင်ငိုင်နဲ့ ရပ်နေတာကို တွေ့လိုက်ရတော့ krist စိုးရိမ်စိတ်တို့ ဖြစ်ရသည်
"Gun အထဲဝင်လာခဲ့လေ"
"မင်းက ကြာလိုက်တာ"
"အရင် ဝင်စမ်းပါ နောက်မှပြော"
Gunကို ထိုင်ခုံပေါ်မှာ ထိုင်စေပြီး သူ့အတွက် အဆင်ပြေစေမယ့် ကော်ဖီတစ်ခွက်ကို krist ခပ်မြန်မြန် ဖျော်လိုက်ပြီး gun ရှိရာသို့ လာခဲ့သည် Gun ရှေ့ ကော်ဖီခွက် ချပေးပြီး သူ့ရှေ့ဝင်ထိုင်လိုက်သည်