အိမ်အသစ် စက်စက်ကလေးတွင်တော့ ကြင်စဦးလင်မယား အိပ်ယာမှ စောစော မထနိုင်ကြချေ
Krist ဖုန်းမှ alarm မြည်သည့်အချိန်မှ အိပ်ယာမှ နိုးထလာကြသည်
အရင်လို singto မှာလည်း စောစော ထပြုခြင်း ကင်းစင်နေပြီလေ
ဘေးနားမှရှိတဲ့ မိမိချစ်သူ အသစ်စက်စက်ကလေးကို ဖက်အိပ်ရတာ ဝတယ်လို့မရှိ"P ထတော့ ရုံးနောက်ကျတော့မယ်"
Krist ရဲ့ အိပ်ချင်မူးတူး အသံလေးသည် singto အတွက် နားဝင်ချိုလှသည်
မသိရင် မိမိကို ဆက်အိပ်ရန် မြူစွယ်နေသည့်အတိုင်း"Kit ကို အိပ်ချင်သေးတယ် ၅ မိနစ်လောက်ပဲ"
"မရဘူး ထတော့ ခင်ဗျားဆက်အိပ်နေရင် အလုပ်နောက်ကျတော့မယ်"
"မိန်းမကလည်းကွာ အရမ်းနားညည်းတာပဲ"
Singto ပြောပြောဆိုဆိုနှင့် krist ကို ပိုမိုတင်းကြပ်စွာ ဖက်သောကြောင့် krist ခင်မျာ အသက်ရှူတောင် မဝချင်တော့
"ခင်ဗျားကြီး လွှတ်ဗျာ
ခင်ဗျား သေချင်လည်း ဆက်သေခဲ့တော့ ကျွန်တော် သွားပြင်ဆင်တော့မယ်"Krist တစ်ယောက် singto လက်ထဲမှ မရရအောင် အသက်လုပြီး ရုန်းထွက်လာခဲ့ရရှာသည်
ဒီလိုအဖြစ်မျိုး ချစိသူတွေ မဖြစ်ခင်ကလည်း ကြုံဖူးသဖြင့် singto ရည်းစားတိုင်းကို သနားခဲ့တဲ့ krist တစ်ယောက် အခုတော့ ကိုယ့်ကိုယ်ကိုသာ ပြန်သနားရတော့မှာလား
"ဖြစ်ခဲ့သမျှ အဖြစ်ပျက်တွေအားလုံး ငါပဲမှားတာ"
________
"Pုမန်မြန်လာ အလုပ် နောက်ကျတော့မယ်"
Krist ရဲ့ ဆော်သြသံက singto နားထဲ အလုံးလိုက် အရင်းလိုက် ဝင်ချလာသည်
Krist တစ်ယောက် အသံအောင်သလောက် အော်ပြောနေသဖြင့် singto နားလေးတော့မယ့်ကိန်း ဆိုက်နေရလေပြီ"Kit ရာ တိုးတိုးပြောလည်း ကို ကြားရပါတယ် "
suit အပြည့်နှင့် သားနားနေသည့် singto တစ်ယောက် နတ်(ခ်)တိုင်ကို ချည်ရင်း အိပ်ခန်းထဲမှ ထွက်လာသည်
Krist ကတော့ ဧည့်ခန်းထဲတွင် အရမ်း အေးဆေးလွန်းသည့် singto ကို မျက်မှောင်ကြုတ်ရင်းနှင့်ပေါ့